တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Jinghong မြို့ရှိ တရုတ်-လာအိုရထားလမ်းပေါ်တွင် ပြေးဆွဲနေသော ကျည်ဆန်ရထားတစ်စင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-လာအို ရထားလမ်းတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ စတင်ဖွင့်လှစ်ချိန်မှစ၍ ပို့ကုန်သွင်းကုန် တန်ချိန် ၁၄ သန်းကျော် ပို့ဆောင်ပြီးစီးပြီဖြစ်ကာ တန်ဖိုးအားဖြင့် ယွမ် ၆၀ ဘီလီယံကျော် (အမေရိကန်ဒေါ် လာ ၈.၄ ဘီလီယံခန့်) ရှိပြီဖြစ်ကြောင်း သြဂုတ် ၆ ရက် ကူမင်းအကောက်ခွန်ဌာနအဆိုအရ သိရသည်။
ယခုနှစ် ပထမ ခုနှစ်လ အတွင်း ရထားလမ်း၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပမာဏ တန်ချိန် ၃.၄၃ သန်း ကျော်လွန်ကာ တန်ဖိုးအားဖြင့် ယွမ် ၁၅.၄ ဘီလီယံကျော် ရှိခဲ့ပြီး အဆိုပါကာလအတွက်အမြင့်ဆုံးစံချိန်များ ဖြစ်ခဲ့ကာ ယမန်နှစ် ကာလတူထက် ၆ ရာခိုင်နှုန်း နှင့် ၄၁ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါရထားလမ်းသည် အရေးပါသည့် ကုန်သွယ်ရေးစင်္ကြံလမ်း တစ်ခုအဖြစ် လက်ခံဆောင်ရွက် နေကာ လာအို၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ အ ရေးပါသော ကုန်စည်ပုံသဏ္ဌာန်အမျိုးမျိုးကို သယ်ယူပို့ဆောင်လျက်ရှိပြီး ကုန်အမျိုးအစားပေါင်း ၅၀၀ ကျော်ရှိရာမှ ၃,၆၀၀ ကျော်အထိ ကျယ်ပြန့်လာကာ အားကောင်းသောဖွံဖြိုးမှုအရှိန်အဟုန်ကို ဖော်ဆောင်လျက်ရှိသည်။