၁၀ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို ယူနန်ပြည်နယ်တွင် ကျင်းပ

CGTN, August 19, 2025
Size:

၂၀၂၅ခုနှစ် သြဂုလ ၁၅ ရက်နေ့က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ယူနန်ပြည်နယ် အန်းနင်မြို့တွင် ကျင်းပခဲ့ပါ သည်။ အစည်း အဝေး၏ ဆောင်ပုဒ်မှာ  ရွှေရောင်ဆယ်စုနှစ်- စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ထိန်းသိမ်းခြင်းနှင့် လှပသောအိမ်တစ်အိမ်အား အတူတကွတည်ဆောက်ခြင်း   ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး   Maris  တို့  အတူ ဦးစီးကျင်းပပြီး၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရာခ်ဆိုခွန်၊ လာအိုနိုင်ငံခြားရေးဝန်ကြီး စွန်ဆာဗာ၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ တက်ရောက်ခဲ့ကြသည်ဟု သတင်း  ရရှိပါသည်။