တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန်းက တရုတ်နိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးတိုးတက်မှု အရှိန်အဟုန်သည် ဆက်လက်အားကောင်းနေပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးအရှိဆုံး "သေချာမှု"ကို အထောက်အကူဖြစ်စေ ကြောင်း၊ တရုတ်ဈေးကွက်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအတွက် အမြဲတမ်း "ဦးစားပေး ရွေးချယ်မှု" ဖြစ်ခဲ့သည်ဟု အချက်အလက်များက အပြည့်အဝ သက်သေပြခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ "ဖွံ့ဖြိုးတိုးတက်မှုကွင်းဆက်"တွင် တစ်ဆင့်တိုးပေါင်းစည်းပြီး ကမ္ဘာလုံး ဆိုင်ရာ "win-win chain"ကို လက်တွဲ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ကို ကြိုဆိုကြောင်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။