ဇူလိုင်လ ၃၁ ရက်နေ့တွင် ကမ္ဘောဒီးယား ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ဖြစ်သော “စိုအန်သစ်ခွပန်း သုတေသနပြုရေးနှင့် ကာကွယ်ရေးဗဟိုဌာန စတင်လည်ပတ်ခြင်း”အခမ်းအနားသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပ၍ ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး ယဉ်စိုးလိုင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wen Bin ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
သတ္တဝါအမျိုးစုံလင်ခြင်းကို ကာကွယ်ခြင်းနှင့် ဆက်တိုက်အသုံးပြုစေနိုင်ခြင်းသည် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ငါနှစ်စီမံကိန်း(၂၀၂၃-၂၀၂၇)”သို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သောစီမံကိန်းသည် “အစိမ်းရောင် လန်မဲစီမံကိန်း”၏ အထွေထွေစီမံကိန်း ဖြစ်နိုင်ရန်နှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား သတ္တဝါအမျိုးစုံလင်ခြင်းကို ကာကွယ်သော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း သံအမတ်ကြီး Wang Wen Bin ပြောကြားပါသည်။