တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ နောက်ဆုံး စာရင်းအရ ယခုနှစ် ပထမ နှစ်ဝက်အတွင်း ပြည်တွင်း ခရီးသွား ဦးရေသည် ၃၂၈၅ သန်း ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၀.၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပြည်တွင်း ခရီးသည်များ၏ သုံးစွဲမှု ပမာဏသည် ယွမ် ၃၁၅ သန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၅.၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ နယ်စပ်ဖြတ်ကျော် ဗီဇာကင်းလွတ်ခွင့်ပြုသည့် နိုင်ငံကို ၅၅ နိုင်ငံ အထိ တိုးချဲ့လာသည်နှင့်အမျှ ယခုနှစ် ပထမ နှစ်ဝက်အတွင်း ပြည်တွင်းရောက် နိုင်ငံခြား ခရီးသွား ဦးရေသည် ခန့်မှန်းသည်ထက် ပိုတိုးများလာကြောင်း၊ ယင်းတို့ အနက် ရှိန်ဟိုင်းမြို့ရောက် ပြည်ဝင် နိုင်ငံခြား ခရီးသည် ဦးရေ ၄.၂၄၈ သန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၈.၅ ရာခိုင်နှုန်း တိုးလာကာ ဟိုင်နန်ပြည်နယ်မှ တစ်ဆင့် ဝင်ရောက်လာသော နိုင်ငံခြား ခရီးသည်များ၏ ၈၉ ရာခိုင်နှုန်းသည် ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံခြား ခရီးသည်များ ဖြစ်ကြောင်း သတင်းရရှိပါသည်။