ဩဂုတ်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ ကမ္ဘောဒီးယား-ထိုင်း နယ်ခြားကော်မတီ(GBC) အစည်း အဝေးကို မလေးရှားနိုင်ငံ၌ ကျင်းပနေပြီး တရုတ်နိုင်ငံသည် ဖိတ်ကြားချက်အရ ၇ရက်နေ့တွင် ကျင်းပမည့် GBC အထူးအစည်းအဝေးသို့ တက်ရောက်မည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ မည်သို့ သုံးသပ်ချက် ရှိသနည်းဟု ဩဂုတ်လ ၅ရက်နေ့က သတင်းထောက်က မေးမြန်းခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakunက ဇူလိုင်လ ၃၀ ရက်နေ့က တရုတ်-ကမ္ဘောဒီးယား-ထိုင်း ၃ပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသ၌ ပစ်ခတ်မှု များ ထပ်မံ မဖြစ်ပွားတော့ဘဲ လက်ရှိအခြေအနေတင်းမာမှုများ ဆက်တိုက် လျော့နည်းသွားကာ ကမ္ဘောဒီးယား နှင့် ထိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို တဖြည်းဖြည်း အကောင် အထည်ဖော်နေကြောင်း၊ အာဆီယံအလှည့်ကျ သဘောပတိနိုင်ငံဖြစ်သည့် မလေးရှား နိုင်ငံ၏ တက်ကြွသော ညှိနှိုင်းမှုအောက်တွင် ကမ္ဘောဒီးယား၊ထိုင်း နှစ်ဖက်တို့သည် နယ်ခြား ကော်မတီ အစည်း အဝေးကို ကျင်းပနေကြောင်း၊ ကမ္ဘောဒီးယား၊ ထိုင်း နှစ်ဖက်တို့၏ ဆန္ဒ အလျောက် တရုတ် နိုင်ငံသည် ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား စသော ဒေသတွင်း နိုင်ငံများနှင့် ရင်းနှီးစွာ ကူးလူး ဖလှယ်ပြီး အပစ်အခတ်ရပ်စဲရေးအခြေအနေကို ခိုင်မာစေကာ ဆွေးနွေးပွဲကို မြှင့်တင်၍ တည်ငြိမ်ရေး အခြေအနေကို တွန်းအားပေးရန် တက်ကြွစွာ ဆောင်ရွက်နေကြောင်း၊ အာဆီယံအဖွဲ့ အနေနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းအားထုတ်ပြီး တရားမျှတသော ရပ်တည်ချက်ကို စွဲကိုင်ကာ ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး အခြေအနေ ကောင်းမွန်လာအောင် ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်ရာတွင် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုအား တရုတ်နိုင်ငံမှ ဆက်လက် အားပေး ထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။