၂၀၂၅ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဖွင့်လှစ်ကျင်းပ

Xinhua, August 13, 2025
Size:

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧည့်သည်တော်များက ၂၀၂၅ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံအား ဖွင့်လှစ်ပေးနေသည်ကို ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“စက်ရုပ်များကို ပိုမိုဉာဏ်ရည်မြင့်မားစေ၊ ကိုယ်ထည်များကို ပိုမိုစမတ်ဖြစ်စေ” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ကမ္ဘာ့စက်ရုပ်ညီလာခံကို တရုတ်နိုင်ငံ ပေကျင်းမြို့ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဇုန်၌ ဩဂုတ် ၈ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါညီလာခံကို တရုတ်အီလက်ထရောနစ်အင်စတီကျု (CIE) နှင့် ကမ္ဘာ့စက်ရုပ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တို့မှ ကြီးမှူးကျင်းပပြီး ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီလုပ်ငန်း ၂၀၀ ကျော်က ပြသပစ္စည်း ၁,၅၀၀ ကျော်ဖြင့် ပါဝင်ပြသခဲ့ကြသည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ၌ သဘာပတိအဖြစ် ဆောင်ရွက်သော လူပုံစံတူစက်ရုပ် စင်ပေါ်သို့ရောက်ရှိလာသည်ကို ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

1  2  3  4  5  6  7  8  >