ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့သစ်သည် ပထမဆုံး အစည်းအဝေးကို ကျင်းပ

CGTN, August 12, 2025
Size:

ဩဂုတ်လ ၁ရက်နေ့က အသစ်ဖွဲ့စည်း ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရအဖွဲ့သည် နေပြည်တော်၌ ပထမဆုံးအကြိမ် အစည်းအဝေးကို ကျင်းပ ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်သစ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တက်ရောက်ခဲ့ကြပါသည်။

ဦးညိုစောသည် အစည်းအဝေးကို ဦးစီးကျင်းပပြီး အမှာစကားကို ပြောကြားခဲ့ပါသည်။ ၎င်းက အစိုးရအဖွဲ့သစ်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထားပန်ဆင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန်လိုကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် သဘောထားကွဲလွဲမှုများ မရှိသင့်ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်သူများ၏လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော် အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

ထို့အပြင် ဦးညိုစောသည် ယခုတလောတွင် အစိုးရအဖွဲ့အနေဖြင့် စီးပွားရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စသော နယ်ပယ်များ၌ ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊   အနာဂတ်အစီအစဉ်များနှင့် ရည်မှန်းချက်များကို မိတ်ဆက်ပြီး အကျဉ်းချုပ်ဖော်ပြခဲ့ပါသည်။