လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီချက် တရုတ်-မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုး

Xinhua, August 11, 2025
Size:

မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနား မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဩဂုတ် ၅ ရက်က မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မာကျားနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး မာကျားက ယခုအကြိမ် လက်မှတ်ရေးထိုးသည့် စီမံကိန်း ၁၄ ခုသည် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စသည့် ကဏ္ဍများ တိုးတက်မှုအတွက် ဆက်လက်၍ အထောက်အပံ့ပြုသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ ရန်ပုံငွေကို ကောင်းမွန်စွာ အသုံးပြု၍ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးကျေးဇူးများ သယ်ဆောင်လာပေးရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံမှ ရန်ပုံငွေမတည်ကာ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို မြန်မာနိုင်ငံနှင့် မျှဝေသည့်အပေါ် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများက လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံသည် စီမံကိန်း ၁၃၂ ခုတွင် အသုတ် ၈ သုတ် ရန်ပုံငွေ ပံ့ပိုးမှုများရရှိခဲ့ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၌ ခွင့်ပြုမှုရရှိသည့် စီမံကိန်းအရေအတွက် အများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မာကျား အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မာကျား (ဝဲဘက် ပထမ) နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် (ယာဘက် ပထမ) တို့ မြန်မာနိုင်ငံ မြို့တော်နေပြည်တော်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)