ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် တိုင်းတာတွက်ချက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး အောင်မြင်စွာ ကျင်းပ

lmcchina.org, August 8, 2025
Size:

ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် တိုင်းတာတွက်ချက်ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ဇူလိုင် ၂၉ ရက်မှ ၃၀ ရက်အထိ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အစည်းအဝေး၏ခေါင်းစဥ်သည် “သန့်ရှင်းသောစွမ်းအင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ဒေသတွင်းအစိမ်းရောင်နှင့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မည်” ဖြစ်ပြီး လန်ချန်း-မဲခေါင်ဒေသခြောက်နိုင်ငံအစိုးရရှိ တိုင်းတာတွက်ချက်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနများနှင့် နိုင်ငံတော် တိုင်းတာတွက်ချက်ရေးဆိုင်ရာလုပ်ငန်းဌာနမှ ကိုယ်စားလှယ်များ၊ ဂျာမနီ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများမှ ကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံ တိုင်းတာတွက်ချက်ရေးအင်စတီကျုသည် ထိုင်းနိုင်ငံ တိုင်းတာတွက်ချက်ရေးအင်စတီကျု၊ ဗီယက်နမ်နိုင်ငံ တိုင်းတာတွက်ချက်ရေးအင်စတီကျုတို့နှင့် နှစ်ဖက်သဘောတူ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများကို သက်တမ်းတိုး တစ်ဖန်လက်မှတ်ရေးထိုးခဲ့သည်။ လန်ချန်း-မဲခေါင်ဒေသခြောက်နိုင်ငံမှ တိုင်းတာတွက်ချက်ရေးလုပ်ငန်းဌာနများသည် လာမည့် ၃ နှစ်တွင်း သန့်ရှင်းသောစွမ်းအင် စသည့် အဓိကကျသောကဏ္ဍတွင် စွမ်းရည်မြှင့်တင်ရေး၊ တိုင်းထွာမှုအရင်းအမြစ် လိုက်ရှာခြင်းစနစ်တည်ဆောက်‌ရေးနှင့် တိုင်းထွာရေးရလဒ်များ အသိအမှတ်ပြုရေး စသည့် ပူးပေါင်းဆောင်ရွက်မှုရည်ရွယ်ချက်များနှင့် အဓိကတာဝန်များကို အတူတကွ သတ်မှတ်ခဲ့ကြသည်။

ယခုအကြိမ်အစည်းအဝေးသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ ခေါင်းဆောင်အစည်းအဝေးရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့် လက်တွေ့ဆောင်ရွက်ချက် ဖြစ်ပြီး လန်ချန်း-မဲခေါင် တိုင်းတာတွက်ချက်ရေး ပူးပေါင်းဆောင်ရွက်မှုကွန်ရက်သည် ပိုမိုများပြားသောအာဆီယံနိုင်ငံသို့ တဖြည်းဖြည်း တိုးချဲ့လာသည်ကို အမှတ်သင်္ကေတပြုလျက်ရှိသည်။  တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ပြီး ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှု၏အလားအလာသစ်ကို တည်ဆောက်ရန် ထောက်ပံ့ပေးပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ”ကို အရည်အသွေး မြင့်မားစွာ အတူတည်ဆောက်ရေးအတွက် တွန်းအားသစ် ဖြည့်တင်းပေးသည်။