CGTN စစ်တမ်း - နောင် ၅ နှစ်တွင် တရုတ်နိုင်ငံ၏စီးပွားရေးကို စောင့်ကြည့်ရမည်

CGTN, August 7, 2025
Size:

“၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ကာလမှာ တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ အခြေခံ ခိုင်မာခြင်း၊ အားသာချက်များပြားခြင်း၊ ခိုင်ခံ့မှုအားကောင်းခြင်း၊ အလားအလာကြီးမားခြင်း တို့ ရှိပါတယ်။ ရေရှည်ကောင်းမွန်ရေး အထောက်အကူပြုအခြေအနေများနဲ့ အခြေခံမူဝါဒ လမ်းစဥ်များ မပြောင်းလဲသေးပါဘူး။ တရုတ်ဝိသေသဆောင် ဆိုရှယ်လစ်စနစ်အားသာချက်၊ အင်မတန်ကြီးမားတဲ့ဈေးကွက်အားသာချက်၊ ပြီးပြည့်စုံတဲ့ စက်မှုလုပ်ငန်းစနစ်အားသာချက်၊ ကြွယ်ဝတဲ့ လူ့ စွမ်းအားအရင်းအမြစ် အာသာချက်တို့ကို ပိုမိုထင်ရှား လာစေပါတယ်။” လာမဲ့ ၅ နှစ်တာအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ရဲ့ နောက်ဆုံးရ အကဲဖြတ်မှုအပေါ် နိုင်ငံတကာ အသိုင်း အဝိုင်းက အလွန်အာရုံစိုက်နေခဲ့ကြပါတယ်။ China Media Group (CGTN) ရဲ့  ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၄၆ နိုင်ငံက ဖြေဆိုသူ ၄၇,၀၀၀ ထံမှ ကောက်ယူခဲ့တဲ့ သဘောထားစစ်တမ်းဖော်ပြချက်အရ ဖြေဆိုသူများဟာ တရုတ်နိုင်ငံ စီးပွားရေးရဲ့ အင်အား၊ အလားအလာနဲ့ ခံနိုင်ရည်တို့အပေါ် အပြုသဘောဆောင် မှတ်ချက် ပေးခဲ့ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် ယုံကြည်မှုများ ဆက်လက်မြင့်တက်နေခဲ့ပါတယ်။

 

အချက်အလက်ဖော်ပြမှုအရ ကမ္ဘာတစ်ဝှမ်းရှိ ဖြေဆိုသူများဟာ တရုတ်နိုင်ငံစီးပွားရေး ရဲ့ ရေရှည်ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ယေဘုယျအားဖြင့် အကောင်းမြင်ထားကြပြီး ၃ နှစ်ဆက်တိုက် မြင့်တက်လာခဲ့တဲ့ ယုံကြည်မှုရာခိုင်နှုန်းဟာ ၇၄ ဒသမ ၇ ရာခိုင်နှုန်း၊ ၈၁ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၈၁ ဒသမ ၉ ရာခိုင်နှုန်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖြေဆိုသူများဟာ ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်းကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်ရေး အပေါ် တရုတ်နိုင်ငံစီးပွားရေးရဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့မှတ်ချက် ပေးခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ထောက်ခံမှုရာခိုင်နှုန်းဟာ ၇၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၈၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၈၄ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ် စစ်တမ်းကောက်ယူမှုမှာ ကမ္ဘာတစ်ဝှမ်းရှိ ဖြေဆိုသူ ၈၉ ဒသမ ၅ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားတောင့်တင်းမှုကို ချီးကျူးခဲ့ကြပြီး အသက် ၁၈ နှစ် မှ ၄၄ နှစ်ကြား လူငယ်လူရွယ်ဖြေဆိုသူများရဲ့ထောက်ခံမှု ရာခိုင်နှုန်းဟာ ၉၀ ရာခိုင်နှုန်းကျော်လွန်ခဲ့ပါတယ်။ ဖြေဆိုသူ ၈၉ ဒသမ ၃ ရာခိုင်နှုန်းဟာ တရုတ်စီးပွားရေးရဲ့ အရှိန်အဟုန်မြင့်တိုးတက်မှုအခြေအနေ ထိန်းသိမ်းထားနိုင်မှုကို ချီးကျူးခဲ့ကြပါတယ်။ ဖြေဆိုသူ ၈၆ ဒသမ ၄ ရာခိုင်နှုန်းဟာ ကမ္ဘာ့စီးပွားရေးအပေါ် တရုတ်နိုင်ငံစီးပွားရေးမှ အ‌ရေးပါတဲ့ ပံ့ပိုးကူညီမှုများရှိခဲ့တယ်လို့ အပြည့်အဝ အတည်ပြုခဲ့ကြပါတယ်။

 

စစ်တမ်းကောက်ယူမှုအရ ရှုပ်ထွေးပြောင်းလဲနေသော နိုင်ငံတကာအခြေအနေများအကြားမှာ ဖြေဆိုသူများဟာ တရုတ်ဈေးကွက်ရဲ့ သေချာရေရာမှုနဲ့ ကြီးမားတဲ့အခွင့်အလမ်းများအပေါ် ယုံကြည်မှု ပြည့်နှက်နေပြီး တရုတ်နိုင်ငံနဲ့ကုန်သွယ်ခြင်းဟာ ပိုမိုအကျိုးရှိလိမ့်မယ်လို့ ယေဘုယျအားဖြင့် မှတ်ယူထားကြကြောင်း တွေ့ရှိရပါတယ်။ ၂၀၂၅ ခုနှစ် သဘောထားစစ်တမ်းမှာ ဖြေဆိုသူ ၇၂ ဒသမ ၆ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ပွင့်လင်းပြီး ပြိုင်ဆိုင်မှုအားကောင်းတဲ့ဈေးကွက်တစ်ခု လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၇၉ ဒသမ ၈ ရာခိုင်နှုန်းက တရုတ်နိုင်ငံရဲ့အင်မတန်ကြီးမား သော ဈေးကွက်ဟာ မိမိနေထိုင်သော နိုင်ငံအတွက် အရေးကြီးအခွင့်အလမ်းများ ယူဆောင် လာပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၇၉ ဒသမ ၈ ရာခိုင်နှုန်းက တရုတ်နိုင်ငံရဲ့ ကောင်းမွန်သော စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အလွန်ဆွဲဆောင်မှုရှိနေတယ်လို့ ချီးကျူးခဲ့ကြပါတယ်။

 

၂၀၂၅ ခုနှစ် သဘောထားစစ်တမ်းထဲမှာ တရုတ် စီးပွားရေးရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအယူအဆအပေါ် နှစ်သက်သဘောကျမှုအများဆုံး ကဏ္ဍ ၅ ရပ်တွေကတော့ ထုတ်လုပ်မှုကဏ္ဍနဲ့ ရုပ်ဝတ္ထုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (၅၃ ဒသမ ၉ ရာခိုင်နှုန်း) ၊ ဆန်းသစ်တီထွင်မှုဖြင့်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှု (၄၆ ဒသမ ၈ ရာခိုင်နှုန်း) ၊ အရည်အသွေးမြင့်  နိုင်ငံခြားကို တံခါးဖွင့်မှု (၄၅ ဒသမ ၇ ရာခိုင်နှုန်း) ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေး ပေါင်းစည်းဆောင်ရွက်ရေး (၃၈ ဒသမ ၈ ရာခိုင်နှုန်း) နဲ့ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (၃၈ ဒသမ ၇ ရာခိုင်နှုန်း) တို့ပဲ ဖြစ်ပါတယ်။