ဇူလိုင်လ ၃၁ရက်နေ့တွင် မြန်မာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နေပြည်တော်၌ အစည်းအဝေး ကျင်းပရာ ဩဂုတ်လ ၁ရက်နေ့ မှစ၍ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကို သက်တမ်း ဆက်မတိုးမြှင့်ဘဲ ရုပ်သိမ်းမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ မြန်မာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်ထောင်စု အစိုးရသစ်နှင့် အမျိုးသား လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသစ် ဖွဲ့စည်းတည်ထောင်ထားသော အစိုးရသစ်တွင် ဦးညိုစော သည် နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ အမျိုးသား လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကောင်စီတွင် ကောင်စီဝင် ၁၀ဦးပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်မည့် အပြင်၊ ယာယီ သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သတင်းအရ သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာများအား မိန့်ခွန်းပြောကြားရာတွင် တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကို ရုပ်သိမ်းပြီး ၆လ အတွင်း ပြည်လုံးဆိုင်ရာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။