တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံတော် တည်ငြိမ်ရေးအတွက် ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းမှုများကို အမြဲတမ်း ထောက်ခံမည်

CGTN, August 6, 2025
Size:

    ဇူလိုင်လ ၃၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ စစ်အစိုးရမှ ပြည်လုံးဆိုင်ရာ အရေးပေါ် အခြေအနေကို ရုပ်သိမ်းမည်ဟု ထိုနေ့က ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွန်းက တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံတော် တည်ငြိမ်ရေးအတွက် ထိန်းသိမ်းကာကွယ်ရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ဆောင်ရန်  ကြိုးပမ်းမှုများကို အမြဲတမ်း အားပေး ထောက်ခံမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်ကို တည်ငြိမ်စွာ တွန်းအားပေးရန် အားပေးထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီဂိုဏ်း အားလုံး အနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြား ဥပဒေများ၏ မူဘောင် အတွင်း နိုင်ငံရေး နည်းလမ်းဖြင့် သဘောထား ကွဲလွဲမှုများကို သင့်လျော်ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။