ဇူလိုင်လ ၃၀ ရက်နေ့တွင် တရုတ်-ကမ္ဘောဒီးယား-ထိုင်း ၃ နိုင်ငံ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sun Weidong နှင့် ကမ္ဘောဒီးယား၊ ထိုင်း ကိုယ်စားလှယ်များ အတူ တက်ရောက်ခဲ့ကြပါသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာကြမည်ဟု တရုတ်နိုင်ငံထံသို့ ထပ်လောင်းပြောဆိုခဲ့ပြီး ပစ်ခတ်မှုများ ငြိမ်သက်စေရန်အတွက် တရုတ်နိုင်ငံမှ ယခုအထိ ဆောင်ရွက်ပေးခဲ့သည့် အပြုသဘောဆောင်သော ကြိုးပမ်းမှုများကို ချီးကျူးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲသည် ပွင့်လင်းမြင်သာမှု၊ ရင်းနှီးမှုနှင့် သဟဇာတဖြစ်မှုတို့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။