ယခုနှစ်အတွင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ခေတ်မီကူးသန်း ရောင်းဝယ်ရေး လည်ပတ်မှုစနစ်ကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး လက်လီလက်ကား ရောင်းချမှု၏ အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့ပါသည်။ နိုင်ငံတော်စာရင်းအင်းဌာန၏ အချက် အလက်များအရ ဇန်နဝါရီမှ ဇွန်လအထိ တရုတ်နိုင်ငံ၏ လက်လီလက်ကား ရောင်းချမှု တန်ဖိုးတိုး ပမာဏမှာ ယွမ် ၆.၈ ထရီလီယံ ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၉ ရာခိုင်နှုန်း တိုးလာကာ GDP ၏ ၁၀.၃ ရာခိုင်နှုန်းဖြစ်သည်။ တရုတ် နိုင်ငံ၏ လက်လီလက်ကား ရောင်းချမှု ဖွံ့ဖြိုးတိုးတက်မှုသည် တည်ငြိမ်စွာ တိုးတက် လာကာ ပြည်တွင်းဝယ်လိုအား ဘက်စုံချဲ့ထွင်ရန်နှင့် ပြည်တွင်း လည်ပတ်မှု အားကောင်းစေရန် အတွက် ခိုင်မာသော အထောက်အပံ့ကို ပံ့ပိုးပေးပါသည်။