တတိယ အကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေး ကုန်စည် ပြပွဲကို ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၁၂၀၀ တို့သည် ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့ပြီး ပြပွဲ၌ပင် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ပေါင်း ၆၀၀၀ ကျော် ချုပ်ဆိုခဲ့ပါသည်။ ကုန်စည်ပြပွဲတွင် ပါဝင် ကြသော နိုင်ငံဖြတ်ကျော် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏ ထောက်ပံ့ရေး ကွင်းဆက်သည် တုံ့ပြန်မှု အမြန်နှုန်း၊ ကုန်ကျစရိတ်ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု၊ ဆန်းသစ် တီထွင်ရေး အဆင့်မြှင့်တင်မှု စသည့်နယ်ပယ်များတွင် အစားထိုး၍ မရသော အားသာ ချက်တွေ ရှိပြီး "တရုတ် ထောက်ပံ့ရေး ကွင်းဆက်" မရှိသော ကမ္ဘာကြီးကို ခန့်မှန်းဖို့တောင် ခက်ခဲကြောင်း China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် အသီးသီး ပြောကြား ခဲ့ကြပါသည်။
လုပ်ငန်းကုမ္ပဏီများအတွက် အကျိုးဖြစ်ထွန်းမှုသည် လွန်စွာ အရေးကြီးသည့် အရာ တစ် ခုပင် ဖြစ်သည်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကုလသမဂ္ဂ ကုန်ထုတ်လုပ်မှု အမျိုးအစား စာရင်းထဲတွင် စက်မှု အမျိုးအစား အားလုံး ပိုင်ဆိုင်ထားသော နိုင်ငံ တစ်နိုင်ငံ အဖြစ် တရုတ် နိုင်ငံသည် ထုတ်လုပ်ရေး လုပ်ငန်းကုမ္ပဏီများအတွက် ထောက်ပံ့ရေး ဆိုင်ရာ ကုမ္ပဏီများကို အလွန် လျင်မြန်စွာ ရှာဖွေပေးနိုင်ပါသည်။
ဒစ်ဂျစ်တယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ တရုတ် ထောက်ပံ့ရေး ကွင်းဆက်၏ ကုန်ကျစရိတ်ဆိုင်ရာ အားသာချက်များသည် တစ်နေ့ထက်တစ်နေ့ ထင်ရှား လာနေ ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် နိုင်ငံခြားကုမ္ပဏီများစွာမှ အကြီး အကဲများသည် တရုတ်နိုင်ငံရှိ "မီးပြတိုက်စက်ရုံ"များ အကြောင်းကို ပြောကြားခဲ့ကြသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ တစ်ကမ္ဘာလုံးဆိုင်ရာ "မီးပြတိုက်စက်ရုံ" ပေါင်း စုစုပေါင်း ၁၈၉ ခု ရှိပြီး ယင်းတို့အနက် တရုတ်နိုင်ငံရှိ "မီးပြတိုက်စက်ရုံ"သည် ၇၉ ခု ရှိကာ စုစုပေါင်း ပမာဏ၏ ၄၂ ရာခိုင်နှုန်း ဖြစ်၍ ကမ္ဘာ့ အများဆုံးပင် ဖြစ်သည်။
ကမ္ဘာ တစ်ဝန်းမှ ထောက်ပံ့ရေးကွင်းဆက်များ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြ မှသာ နိုင်ငံ တကာ ထောက်ပံ့ရေးကွင်းဆက်၏ ခိုင်ခံ့မှုကို အမှန်တကယ် မြှင့်တင်နိုင်သည်ဟု အဖြစ်မှန်များက ပြသထားပါသည်။ နိုင်ငံတကာ ကုန်စည် ကုန်သွယ်မှု ပမာဏ အများဆုံးသော နိုင်ငံနှင့် ကုန်ထုတ်လုပ်မှု အားကောင်းသော နိုင်ငံတစ်နိုင်ငံ အဖြစ် တရုတ် နိုင်ငံသည် အခြေခံ အဆောက်အဦများ အပြန်အလှန် ဆက်သွယ်ရေးနှင့် အရည်အချင်းမြင့် တံခါးဖွင့်ရေးကို ဆက်လက် မြှင့်တင်သွားမှာ ဖြစ်ပြီး နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တန်ဖိုးရှိသည့် တည်ငြိမ်ဖွယ်ရာများကို ဆက်လက် ဖန်တီး ပေးသွားမည် ဖြစ်ကြောင်း China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖော်ပြ ထားပါသည်။