ယခုနှစ် ပထမနှစ်ဝက်အတွင်း လန်ချန်း-မဲခေါင် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေး သည် လျင်မြန်စွာ တိုးတက်လာ

CGTN, July 31, 2025
Size:

ယခုနှစ် ပထမနှစ်ဝက်အတွင်း လန်ချန်း-မဲခေါင် နိုင်ငံတကာ ရေကြောင်း ပို့ဆောင်ရေး၏ သွင်းကုန်ပို့ကုန်ပမာဏသည် တန် ၁၂၅၆၀၀ ရှိပြီး တရုတ်ငွေယွမ် ၁.၅၄၇ ဘီလီယံ တန်ဖိုးရှိကာ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၉၂.၈ ရာခိုင်နှုန်း၊ ၁၃၆.၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာကြောင်း၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့ကို ချိတ်ဆက်ထားသော “ရွှေရေလမ်း”အနေဖြင့် လန်ချန်း-မဲခေါင် နိုင်ငံ တကာ ရေကြောင်းပို့ဆောင်ရေးသည် လျင်မြန်စွာ တိုးတက်လာနေပြီး မဟာမဲခေါင်မြစ် ဒေသငယ် နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးကို အားကောင်းစွာ တွန်းအားပေး၍ “Belt and Road”ကို မြှင့်တင်ပေးရန် အတွက် တွန်းအား ထည့်သွင်းပေးကြောင်း ကူမင်းအကောက်ခွန်ဌာနမှ သတင်းအရ သိရပါသည်။