တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒေသဆိုင်ရာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို ရှမ်းတုန်းပြည်နယ် ချင်းတောင်မြို့တွင် စတင်ဖွင့်လှစ်

CGTN, July 29, 2025
Size:

ဇူလိုင်လ ၁၈ ရက်နေ့တွင် တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒေသဆိုင်ရာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံကို "ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကို အတူစီမံဆွေးနွေးပြီး ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲဖော်ဆောင်ခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် ရှမ်းတုန်းပြည်နယ် ချင်းတောင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် “ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ ဒေသ ဆိုင်ရာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံ၏ ချင်းတောင် အဆိုပြုချက်”ကို ထုတ်ပြန်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကြီးများ လက်တွဲတည်ဆောက်ခြင်း၊ စိမ်းလန်းသော စမတ်ထုတ်လုပ်မှု ကွင်းဆက်နှင့်  ထောက်ပံ့ ရေး ကွင်းဆက်များ ပူးပေါင်းတည်ဆောက်ခြင်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ အရည် အသွေးမြင့်မားစွာ အဆင့်မြှင့်တင်ခြင်း စသည့် နယ်ပယ်ခြောက်ခုမှ ယန္တရားများနှင့်စနစ်များ ဆန်းသစ်တီထွင်မှုကို စူးစမ်းရှာဖွေခြင်းဖြင့် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် စွမ်းအင်အသစ်များ ထည့်သွင်းပေးခဲ့သည်။