“နှလုံးသားမှ ပိုးလမ်းမ” မြန်မာနိုင်ငံ ငလျင်အတွက် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပ

Xinhua, July 28, 2025
Size:

၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD)၊ တရုတ်တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ် (All-China Women’s Federation) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့အတူ လက်တွဲ၍ မြန်မာနိုင်ငံ နေပြည်တော်တွင် “နှလုံးသားမှ ပိုးလမ်းမ” မြန်မာနိုင်ငံ ငလျင်အတွက် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး ငလျင်ဘေးသင့် မြန်မာနိုင်ငံ အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူငယ်များအတွက် လူသုံးကုန်ပစ္စည်းစုစုပေါင်း ၁,၇၅၀ စုံကို လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံရှိ တရုတ်သံရုံးကိုယ်စားလှယ်၊ မြန်မာ-တရုတ် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အထောက်အပံ့ရရှိသည့် ကျောင်းသူများ၊ ရပ်ကွက်အမျိုးသမီးကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

1  2  3  >