တရုတ်နိုင်ငံဆိုင်ရာ လန်ချန်း-မဲခေါင်နိုင်ငံများမှ သံအမတ်ကြီးများသည် ရှီးဇန့်ယဥ်ကျေးမှုကို “ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ” ခံစားပြီး ဂေဟစနစ် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်ကို အတူဆွေးနွေး

lmcchina.org, July 25, 2025
Size:

တရုတ်နိုင်ငံဆိုင်ရာ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများမှ သံအမတ်ကြီး လှည့်လည်ကြည့်ရှု‌ရေးအဖွဲ့သည် မကြာသေးမီက ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် “ရှီးဇန့်ခရီးစဥ်”ကို စတင်ရာ လားဆမြို့၊ ချမ်းဒူးမြို့ နှစ်မြို့သို့ နက်ရှိုင်းစွာ လည်ပတ်ကြည့်ရှုခြင်းအားဖြင့် “ကမ္ဘာ့မိုးခေါင်”၏ ယဥ်ကျေးမှုအားသန်မှုနှင့် ဂေဟကာကွယ်ထိန်းသိမ်းရေးလက်တွေ့ဆောင်ရွက်မှုကို ကိုယ်တိုင်ခံစားရကြသည်။

တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် အဖွဲ့သည် လားဆမြို့တွင် ပုတ်လာကုန်းနန်းတော်၊ ဂျိုခုန်းကျောင်း၊ ဆဲလာ‌ကျောင်းနှင့် နော်ဘူလင်ကာနန်းတော်တို့ကို သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြသည်။

လားဆ ကွန်းဂါ အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ခေတ်မီမှုက ကျွန်တော့်ကို ကောင်းကောင်းမှတ်မိစေတယ်။ လေဆိပ်က ဟိုတယ်ကို သွားတဲ့လမ်းကလည်း အရမ်းလှတယ်ဟု ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Han Cancai က ပြောသည်။ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခေတ်မီဖြစ်စဥ်နှင့် ရှေးဟောင်းသမိုင်းအမွေအနှစ်များ လိုက်လျောညီထွေ အတူယှဥ်ပြိုင်နေထိုင်ခြင်းသည် သူ့ကို အထူးအမှတ်ရစေကြောင်း ၎င်းက ပြောကြားသည်။ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ခေတ်မီမှုဖြစ်စဥ်ကို ရှေ့သို့ တွန်းတင်ရာမှာ  ရိုးရာယဥ်ကျေးမှုကို ကောင်းကောင်း ကာကွယ်ထိန်းသိမ်းခဲ့တယ်၊ နှစ်ခုစလုံးအကြား ညီမျှမှုကို အကောင်အထည်ဖော်တယ်ဟု ၎င်းကလည်း ပြောသည်။

နော်ဘူလင်ကာနန်း‌တော် လည်ပတ်စဥ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သံမှူး ဒေါ်ချောစုမောင်သည် ဒေသခံထုံးစံအတိုင်း ယခုတလောမှ ဝယ်ယူထားသောနွေရာသီရှီးဇန့်ဝတ်စုံကို ဝတ်ဆင်ကာ ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ သံတမန်ခံစားမှုဖြင့် ရှီးဇန့်လူမျိုးများ နေ့စဥ်ဘဝ၏နွေးထွေးမှုကို ခံစားသိရှိသည်။

ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ချမ်းဒူးမြို့သည် မဲခေါင်မြစ်၏ အရေးပါသော ဖြတ်သန်းစီးဆင်းရာဒေသ ဖြစ်ပြီး ယခုခရီးစဥ်၏ အဓိကဒေသများအနက် တစ်ခုလည်း ဖြစ်သည်။ ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသသည် တရုတ်နိုင်ငံအနောက်ပိုင်း၏ ကျယ်ပြောလှသော နယ်မြေသာမက မဲခေါင်မြစ်ဝှမ်း‌ဒေသရှိမြစ်များအပါအဝင် နိုင်ငံအသီးသီးကို ဖြတ်သန်းစီးဆင်းနေသော အဓိကမြစ်ကြီးများ၏မြစ်ဖျားခံရာဒေသလည်း ဖြစ်သည်။ ဒီခရီးစဥ်မှာ ဒီမြစ်တွေရဲ့ဂေဟကို ကောင်းကောင်းထိန်းသိမ်းထားတာ တွေ့မြင်ရတော့ သိပ်ဝမ်းသာမိတယ်ဟု ၎င်းတို့ ပြောသည်။

ယခုအကြိမ် ”ရှီးဇန့်သို့ တရုတ်နိုင်ငံဆိုင်ရာ  သံအမတ်ကြီးများခရီးစဥ်”သည် ဇူလိုင်လ ၇ ရက်ကစတင်ပြီး ၅ ရက်ကြာသည်။ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ တည်ထောင်ခြင်း ၆၀ နှစ်ပြည့်အခါသမယတွင် ယင်းခရီးစဥ်၏ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာများ ပိုမိုကြွယ်ဝရန်၊ မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အရည်အသွေး မြင့်မားစွာ တိုးတက်ရေးကို တွန်းအားပေးရန်၊ တစ်ချိန်တည်းတွင် မဲခေါင်မြစ်ဝှမ်း‌ဒေသနိုင်ငံများနှင့် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးရရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။