ယခုရက်များက တရုတ်နိုင်ငံထုတ် Heavy-duty truck tractor အစီး ၅၀ ကို ယူနန်ပြည်နယ် ကွမ်းလေဆိပ်ကမ်းတွင် စစ်ဆေးပြီးနောက် လန်ချန်း-မဲခေါင် ”ရွှေရေလမ်း”မှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့သည်။ ကွမ်းလေဆိပ်ကမ်းသည် လာအို၊ မြန်မာ၊ ထိုင်း စသည့် အာဆီယံနိုင်ငံများက မဲခေါင်မြစ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် ပထမဆုံးဆိပ်ကမ်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက နိုင်ငံတော် စစ်ဆေးလက်ခံပြီးနောက် ကွမ်းလေဆိပ်ကမ်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရာ သွင်းကုန်ထွက်ကုန်ကုန်သွယ်မှုသည် ဆက်လက်တိုးတက်လျက်ရှိသည်။
အကောက်ခွန်စာရင်းဇယားများအရ ယခုနှစ် ပထမငါးလအတွင်း ကွမ်းလေဆိပ်ကမ်းမှ သွင်းကုန်ထွက်ကုန်ပို့ဆောင်ရးပမာဏမှာ တန်ချိန် ၁၁.၁၂ သိန်း ရှိပြီး ကုန်စည်တန်ဖိုး ယွမ် ၁၃.၅၂ ဘီလီယံ ရှိပြီး အလားတူအချိန်နှင့် ယှဥ်ကြည့်လျှင် ၁၁၂.၃ ရာခိုင်နှုန်းနှင့် ၁၇၆.၇ ရာခိုင်နှုန်း တိုးတက်ကြောင်း၊ ၎င်းတို့အနက် tractor truck၊ dump truck နှင့် လယ်ထွန်စက်များ စသည့်ယာဥ်များ၏ကုန်စည်တန်ဖိုးမှာ ယွမ် ၃၈.၇၄ သိန်း ရှိပြီး အလားတူအချိန်နှင့် ယှဥ်ကြည့်လျှင် ၃၀.၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။