Ding Xuexiangသည် 2025 SCO ဒီဂျစ်တယ် စီးပွားရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

CGTN, July 18, 2025
Size:

ယခုလ ၁၁ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Ding Xuexiang သည် Tianjingတွင် ကျင်းပသည့် ၂၀၂၅ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဒီဂျစ်တယ် စီးပွားရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်း အရ သိရသည်။

        Ding Xuexiangက ဒီဂျစ်တယ် နည်းပညာ အသုံးပြုမှုမှ ဆောင်ကြဉ်းလာသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ ထိပ်သီးခေါင်းဆောင်များ ကောင်စီမှ သက်ဆိုင်ရာ အရေးကြီး သဘောတူညီမှုနှင့် ကမ္ဘာ့ ဒီဂျစ်တယ် သဘောတူညီချက်(Global Digital Compact) လက်တွေ့ အကောင် အထည် ဖော်ဆောင်မှုကို အရှိန်မြှင့် ဆောင်ရွက်ပြီး ပိုမို သာယာကောင်းမွန်သော “ဒီဂျစ်တယ် အနာဂတ်”သို့ လက်တွဲ ချီတက်ကြသင့်ကြောင်း ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် SCO အတွင်းရေးမှူးချုပ် Yermekbayevတို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ တရုတ် နိုင်ငံနှင့် နိုင်ငံခြား အစိုးရအရာရှိများ၊ လုပ်ငန်းကုမ္ပဏီများမှ တာဝန်ခံများ၊ တက္ကသိုလ်ကောလိပ်များနှင့် တတ်သိပညာရှင်များအဖွဲ့များမှ ပညာရှင်များ အပါအဝင် ပုဂ္ဂိလ် ၆၀၀ ခန့် တက်ရောက်ခဲ့ကြသည်။