တရုတ်-မဲခေါင်နိုင်ငံများ ဒီဂျီတယ်အခြေခံအဆောက်အအုံတည်ဆောက်ရေးသင်တန်းကို ချုံချင့်တွင် အောင်မြင်စွာ ကျင်းပ

lmcchina.org, July 18, 2025
Size:

ဇွန်လ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ တရုတ်-မဲခေါင်နိုင်ငံများ ဒီဂျီတယ် အခြေခံအဆောက်အအုံ တည်ဆောက်ရေးသင်တန်းကို ချုံချင့်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ဤတစ်ကြိမ်သင်တန်းသည် “ဒီဂျီတယ်အခြေခံအဆောက်အအုံတည်ဆောက်ရေး”ကို ခေါင်းစဉ်အဖြစ် ထား၍ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း စသည့်နိုင်ငံများမှ အစိုးရအရာရှိနှင့် နည်းပညာရှင်များသည် ယင်းသင်တန်းသို့ ပါဝင်တက်ရောက်ကြသည်။

သင်တန်း ကျင်းပရာတွင် သင်တန်းတက်ရောက်သူများသည် သင်တန်းတက်ခြင်း၊ လှည့်လည်လေ့လာခြင်း၊ ယဉ်ကျေးမှုလက်တွေ့လေ့လာခြင်း စသောပုံစံအမျိုးမျိုးဖြင့် သက်ဆိုင်ရာဌာန၊ လုပ်ငန်းအသင်း၊ အဓိကစီးပွားရေးလုပ်ငန်း၊ တက္ကသိုလ်ကျောင်းတို့မှ ပညာရှင် အယောက် ၂၀ ကျော်နှင့် ဒီဂျီတယ်အခြေခံအဆောက်အအုံ၊ ဒီဂျီတယ်အစိုးရ၊ AI၊ computing power industry စသော ပညာရပ်နှင့် ပတ်သက်ပြီး လေ့လာဖလှယ်ခဲ့ကြသည်။ သင်တန်းသားများသည် စက်မှုလုပ်ငန်းဇုန်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းနှင့် အဆင့်မြင့်သိပ္ပံနည်းပညာလုပ်ငန်းများသို့ သွား၍ ဒီဂျီတယ်နည်းပညာ လက်တွေ့အသုံးပြုခြင်းအခြေအနေကို လေ့လာခဲ့သည်။ 5G၊ AI၊  AI ဖြင့် ထုတ်လုပ်ခြင်း စသောနယ်ပယ်များတွင် ချုံချင့်၏ တိုးတက်မှုအခြအနေကို လေ့လာ၍ ဒီဂျီတယ်အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်းကောင်း၊ ဒီဂျီတယ် အပြန်အလှန်သည်းခံပြီး အပြန်အလှန် ချိတ်ဆက်သောလန်မဲဒေသထူထောင်ရန်အတွက်လည်းကောင်း အခြေခံချပေးသည်။