တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှုလုပ်ငန်းထုတ်လုပ်ရေး ထိပ်ဆုံးနေရာတွင် ၁၅ နှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်ဆို

CGTN, July 16, 2025
Size:

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇူလိုင်လ ၉ရက်နေ့ နံနက်ပိုင်းတွင် "၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို အရည်အသွေးမြင့်မားစွာ ပြီးမြောက်အောင် ဆောင်ရွက်ခြင်း" ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါသည်။

တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ သက်ဆိုင်ရာ တာဝန်ရှိသူက "၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" စတင်သည့်နှစ်မှစ၍ နှစ်စဉ် စက်မှုလုပ်ငန်း ထုတ်လုပ်ရေး တန်ဖိုး ယွမ် ဘီလီယံ ၃သောင်းကျော်ရှိပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှု လုပ်ငန်းထုတ်လုပ်ရေးမှာ ထိပ်ဆုံးနေရာတွင် ၁၅ နှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း၊ အဓိက စက်မှု ထုတ်ကုန် ၂၂၀ ကျော်၏ ထုတ်လုပ်မှုပမာဏသည် ကမ္ဘာ့ ပထမနေရာတွင် ရှိကြောင်း၊ တရုတ်နိုင်ငံသည် မထုတ်လုပ်နိုင်သော ပစ္စည်းများ နည်းသည်ထက်နည်းလာပြီး ထုတ်လုပ် နိုင်သော ပစ္စည်းများ၏ အရည်အသွေးက ကောင်းသည်ထက်ကောင်းလာနေကြောင်း ပြောကြားခဲ့ပါသည်။