၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် အနာဂတ် သံတမန် ပျိုးထောင်ရေးအစီအစဉ် “ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ မြှင့်တင်ပြီး လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း အတူတကွတည်ဆောက်ခြင်း” မွမ်းမံသင်တန်းကို ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အထိ တာ့လျန်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါသင်တန်းသို့ ထူးချွန်သော သင်တန်းသားသင်တန်းသူ စုစုပေါင်း ၈၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး တက္ကသိုလ်များနှင့် လုပ်ငန်းဌာနများမှ ကျွမ်းကျင်ပညာရှင် ၂၀ နီးပါးက သင်ကြားပို့ချခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်တန်းသားသင်တန်းသူများသည် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဝမ်တယ်ရှင်း၏ ဗီဒီယိုသဝဏ်လွှာကို လက်ခံရရှိခဲ့သည်။ သဝဏ်လွှာတွင် ၎င်းက သင်တန်း အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ပြုပါကြောင်းနှင့် သင်တန်းသားများအပေါ် မျှော်လင့်ချက်များစွာ ထားရှိကြောင်း ပြောဆိုခဲ့ပါသည်။
အဆင့်မြင့်ဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များကို အဓိကထားဆွေးနွေးခဲ့ပြီး လန်ချန်း-မဲခေါင်ယန္တရား၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်၊ ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေးကဏ္ဍ အတူတကွ တည်ဆောက်မှု၊ တရုတ်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ချို့တဲ့မှု လျှော့ချရေးအတွေ့အကြုံ စသည့်ခေါင်းစဉ်များကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့သလို ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ဘုံသဘောတူညီချက်ကို အဓိကဖော်ပြထားခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲဖိုရမ်သည် လန်ချန်း-မဲခေါင်နိုင်ငံများ၏ကျန်းမာရေးကဏ္ဍ ဖေးမကူညီရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ညှိနှိုင်းမှုယန္တရားကို ဆွေးနွေးသည်။
ယဉ်ကျေးမှုဖလှယ်ရေးအစီအစဥ်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးရာတက္ကသိုလ် အားကစား နိုင်ငံတကာ ဖလှယ်ရေး သုတေသနစင်တာ၏ တာဝန်ခံ ပါမောက္ခ ကျိုးချင့်ကျယ် က ထိုက်ကျိသိုင်းကို ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝခံစားခြင်းဖြင့် "ယဉ်းနှင့်ယန် ဟန်ချက်ညီမှု"အတွေးအခေါ်နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏လိုက်ဖက်ညီမှုကို ရှင်းလင်းဖော်ပြပြီး ယဥ်ကျေးမှုချင်း အပြန်အလှန် လေ့လာရေးနှင့် ပြည်သူချင်း စိတ်ချင်း ချိတ်ဆက်ရေးကို နက်ရှိုင်းစေခဲ့သည်။
လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ နမူနာအစည်းအဝေးတွင် နိုင်ငံပေါင်းခြောက်နိုင်ငံမှ သင်တန်းသားများသည် ခေါင်းစဥ်ကဏ္ဍအလိုက် ဗဟိုပြုပြီး အမြင်သဘောထားများ ရှင်းလင်းပြောကြားခဲ့ကြသည့်အပြင် “၂၀၂၅ လန်ချန်း-မဲခေါင် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှ အဆိုပြုချက်”ကို ပူးတွဲထုတ်ပြန်ရန် စီစဥ်ကြသည်။
သင်တန်းသားများသည် တာ့လျန် သက်ရှိဇီဝလျှို့ဝှက်ဆန်းကြယ်ပြတိုက်၏ နမူနာစက်ရုံသို့ လက်တွေ့ကွင်းဆင်းလေ့လာပြီး ဇီဝပလပ်စတစ်နည်းပညာကို ဆေးပညာ သင်ကြားရေးနှင့် အများပြည်သူ ကျန်းမာရေးတွင် ဆန်းသစ်တီထွင်စွာ အသုံးချမှုများကို တိုက်ရိုက်ခံစားကြသည်။