တရုတ်နိုင်ငံ၊ မြန်မာနှင့် ထိုင်း ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှုရာဇ၀တ်မှု ပူးတွဲတိုက်ဖျက်ရေး ဒုတိယအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ဇူလိုင်လ ၄ ရက်က နေပြည်တော်တွင် ကျင်းပသည်။ အစည်းအဝေးတွင် သုံးနိုင်ငံမှ သက်ဆိုင်ရာဌာနများသည် ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်ရန် ဘုံသဘောတူညီချက်များကို ရရှိခဲ့သည်။ မြဝတီ စသောနေရာများတွင် ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှုရာဇ၀တ်မှုများကို အပြင်းအထန် တိုက်ဖျက်ရန် ဆက်လက်ပူးတွဲဆောင်ရွက်မည်ဖြစ်ပြီး ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုဇုန်များကို ဘက်စုံရှင်းလင်းဖယ်ရှားရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုတွင် ပါဝင်ပတ်သက်သူအားလုံးကို ဖမ်းဆီးမည်ဖြစ်ပြီး လိမ်လည်မှုဆိုင်ရာအခြေစိုက်စခန်းများကို ပြတ်ပြတ်သားသား အမြစ်ဖြတ်ရှင်းလင်းမည်ဖြစ်ရာ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှ စတင်၍ တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ သက်ဆိုင်ရာဌာနများသည် အတူကြိုးပမ်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြဝတီဒေသအတွင်းရှိ ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှုရာဇ၀တ်မှုများကို ပြင်းထန်စွာ ထိုးစစ်ဆင်ကာ လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၅,၄၀၀ ကျော်ကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့ရာ သိသာထင်ရှားသောအောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရှိရပါသည်။