တရုတ်နိုင်ငံက မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံ ဝူရှူးအားကစားပစ္စည်းများအား ဇူလိုင် ၄ ရက်၌ လှူဒါန်းခြင်းအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)
တရုတ်နိုင်ငံက မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံ ဝူရှူးအားကစားပစ္စည်းများအား ဇူလိုင် ၄ ရက်၌ လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၅ ရက်ထုတ် ကြေးမုံသတင်းစာအရ သိရသည်။
အဆိုပါ အားကစားပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia က မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တရုတ်သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။
အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များကို စဉ်ဆက်မပြတ်ရယူပေးနိုင်ခဲ့သည့် မြန်မာ့ဝူရှူးအားကစား အောင်မြင်မှုအတွက် တရုတ်နိုင်ငံမှ Joint Training အစီအစဉ်များ၏ ရလဒ်များဖြစ်သလို ပြည်ပနည်းပြများရရှိရေးနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ကူညီလှူဒါန်းပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံ ဝူရှူးအားကစားပစ္စည်းများအား ဇူလိုင် ၄ ရက်၌ လှူဒါန်းခြင်းအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)