ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ လေကြောင်း ကုန်စည်လိုင်းသစ် ၁၁၇ ခု ဖွင့်လှစ်

CGTN, July 9, 2025
Size:

    ယခုနှစ်ပထမနှစ်ဝက်တွင် အသစ်ဖွင့်လှစ်လိုက်သော လေကြောင်းကုန်တင်လိုင်းများ နှင့်ပတ်သက်သည့် သက်ဆိုင်ရာအချက်အလက်များကို တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းချုပ်မှ ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ်အစမှစတင်၍ တရုတ်နိုင်ငံသည် အာရှနှင့်ဥရောပကို အဓိကထားပြီး ၎င်း၏ လေကြောင်းကုန်တင်လိုင်းများကို စဉ်ဆက်မပြတ် အားကောင်းလာအောင် တိုးချဲ့ခဲ့သည်။

        တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းချုပ်၏ စာရင်းဇယားများအရ ဇွန်လ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံတစ်ဝှမ်းတွင် ယခုနှစ်အတွင်း နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးလိုင်း သစ် စုစုပေါင်း ၁၁၇ ခု ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်လျှင် အသွားအပြန် ခရီးစဉ်ပေါင်း ၂၃၃ခု တိုးလာကြောင်း သိရသည်။