တရုတ်-ဗီယက်နမ် တရားဥပဒေစိုးမိုးရေးဌာနများ ပထမဆုံးအကြိမ်နယ်စပ်ဆွေးနွေးပွဲ ကွမ်ရှီးတွင် ကျင်းပ

CGTN, July 8, 2025
Size:

ဇွန်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်-ဗီယက်နမ် တရားဥပဒေစိုးမိုးရေးဌာနများ၏ ပထမဆုံးအကြိမ် နယ်စပ်ဆွေးနွေးပွဲကို ကွမ်ရှီး နန်နင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ ပြည်နယ်အချို့၏ တရားဥပဒေအုပ်ချုပ်ရေးဌာနများနှင့် ဥပဒေနယ်ပယ်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ နီးပါး တက်ရောက်ခဲ့ကြပါသည်။

ယခုအကြိမ် ဆွေးနွေးပွဲသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဗီယက်နမ် ခရီးစဉ်အတွင်း ရရှိသော ကောင်းကျိုးရလဒ်များနှင့် တရုတ်-ဗီယက်နမ် ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန် လက်တွေ့လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး ဥပဒေစိုးမိုးရေးနယ်ပယ်တွင် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးဆိုင်ရာ အသေးစိတ် ဆောင်ရွက်ချက်လည်းဖြစ်ပါသည်။