ဇူလိုင်လ ၂ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်အမှတ်တံဆိပ်များသည် ကမ္ဘာတစ်ဝှမ်းသို့ ဝင်ရောက်ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများအတွက် ပိုမို များပြားသော ရွေးချယ်မှုများကို ထောက်ပံ့ပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ပိုမို များပြားသော အရည်အသွေးမြင့် နိုင်ငံခြားအမှတ်တံဆိပ်များ တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီး အပြန်အလှန်သင်ယူလေ့လာကာ အတူတကွဖွံ့ဖြိုးတိုးတက်ရန် ကြိုဆို ကြောင်း ပြောကြားခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော စက်မှုလုပ်ငန်းစနစ်၊ တရားမျှတပြီး တံခါးဖွင့်သော ဈေးကွက်ပတ်ဝန်းကျင်၊ ရေရှည်တီထွင်ဆန်းသစ်မှုနှင့် သုတေသနပြုမှုတို့၏ အကျိုးကျေးဇူးကြောင့် “တရုတ်ပြည်က ထုတ်လုပ်တာ ဖြစ်ခြင်း”မှ “တရုတ်အမှတ်တံဆိပ်”သို့ ကူးပြောင်းခြင်းသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မလွှဲမရှောင်သာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပိုမိုများပြားသော အရည်အသွေးမြင့် နိုင်ငံခြားအမှတ်တံဆိပ်များ တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ကြိုဆိုပြီး နိုင်ငံအသီးသီးမှ ပြည်သူများသည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းတွင် ထိထိ ရောက်ရောက် အကျိုးခံစားစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။