ဒေသစံတော်ချိန် ဇူလိုင်လ ၁ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝတ်၏ ရာထူးကို ခေတ္တရပ်ဆိုင်းပြီးနောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဆူရိယ ဂျောင်ရွန်းရောင်းကစ်သည် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုနေ့အစောပိုင်းက ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝတ် အပေါ် စွပ်စွဲပြစ်တင်သည့် အသနားခံစာကို လက်ခံပြီး ၎င်း၏ဝန်ကြီးချုပ်ရာထူးကို ခေတ္တရပ်ဆိုင်းရန် စီရင်ဆုံးဖြတ်ခဲ့ပါသည်။