ဇွန်လ ၂၁ ရက်နေ့ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသော တရုတ်-ထောင်အာရှပြပွဲ၏ အစိမ်းရောင်စွမ်းအားပြခန်းတွင် China Southern Power Grid လက်အောက်ရှိ လန်ချန်း-မဲခေါင် နိုင်ငံတကာစွမ်းအားကုမ္ပဏီသည် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ပြသခဲ့သည်။
China Southern Power Grid သည် ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က အိမ်နီးချင်းနိုင်ငံနှင့် လျှပ်စစ်ပို့ကွန်ရက် ချိတ်ဆက်ခြင်းကို စတင်ပြုလုပ်၍ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၇၆ ဘီလျံ အပြန်အလှန် ထောက်ပံ့ခဲ့ပြီဖြစ်၍ ၎င်း၏ ၉၀ ရာခိုင်နှုန်းသည် သန့်ရှင်းသောလျှပ်စစ်စွမ်းအား ဖြစ်သည်။ ယင်းကုမ္ပဏီသည် လန်ချန်း-မဲခေါင်ဒေသ လျှပ်စစ်ဓာတ်အားနည်းပညာ စံချိန်စံနှုန်း တစ်ဆက်တည်း ဖြစ်စေခြင်း ကော်မတီနှင့် လန်ချန်း-မဲခေါင် လျှပ်စစ်ဓာတ်အားနည်းပညာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဓာတ်ခွဲခန်းကို ထူထောင်ခဲ့ပြီဖြစ်သည်။ “စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှု”လုပ်ငန်းတွင် ယင်းကုမ္ပဏီသည် လာအိုနိုင်ငံ လျှပ်စစ်ပို့ကွန်ရက်စီမံကိန်း၊ တရုတ်-လာအို ကီလိုဝပ် ၅၀၀ လျှပ်စစ်ကွန်ရက်စီမံကိန်း၊ တရုတ်-လာအို ရထားလမ်း၏ လာအိုပိုင်း လျှပ်စစ်ထောက်ပံ့ပေးရေးစီမံကိန်း စသောစီမံကိန်းများဖြင့် ဒေသခံများကို အကျိုးပြု၍ ယဉ်ကျေးမှုဖလှယ်ရေးကို တွန်းအားပေးသည်။ ၃.၂၈ မြန်မာငလျင်ကြီး ကယ်ဆယ်ခြင်း၊ ဗီယက်နမ်နှင့် လာအို ရေကြီးမှုကို ကယ်ဆယ်ခြင်း၊ လန်ချန်း-မဲခေါင်ဒေသမှ လျှပ်စစ်ဓာတ်အား လုပ်ငန်းဆိုင်ရာ အလတ်တန်းနှင့် အထက်တန်း စီမံအုပ်ချုပ်မှုဝန်ထမ်းများနှင့် နည်းပညာရှင်များ မွေးထုတ်ခြင်း၊ လန်ချန်း-မဲခေါင်ဒေသမှ ပညာတော်သင် ၁၇၁ ဦးကို မွေးထုတ်ခြင်းတို့ဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခရီးစဉ်တွင် ”စိတ်ပိုနီးကပ်၊ လူမိုချစ်ခင်၊ မေတ္တာမိုများ” ဟူသောရလဒ်ကို ဖော်ပြထားသည်။
ဤတစ်ကြိမ်ပြပွဲတွင် ပါဝင်တက်ရောက်သူများသည် VR ပြသမှုတွင် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား စသောနိုင်ငံများမှ မြို့ကြီးများကို ကိုယ်တိုင်ရောက်သကဲ့သို့ ကြည့်ရှုခံစားရခဲ့ပေသည်။ ဒီဂျီဒယ် screen ကြီးတွင် China Southern Power Grid ၏ အားသာချက်နှင့် နည်းပညာများဖြင့် အစိမ်းရောင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရရှိသောရလဒ်များကို လေ့လာကြည့်ရှုနိုင်ခဲ့သည်။