လီချန်သည် ၂၀၂၅ နွေရာသီ ဒါဗို့စ် ဖိုရမ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

CGTN, July 3, 2025
Size:

  ဇွန်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ထျန်ကျင်း မြို့၌ ကျင်းပသည့် ၂၀၂၅ နွေရာသီ ဒါဗို့စ် ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   လီချန်က မိမိတို့သည် ဘက်ပေါင်းစုံ ပါဝင် အကျိုးခံစားရသော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဦးလည်မသုန် ထောက်ခံကာ လွတ်လပ်သော ကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံ ဝါဒကို ထိန်းသိမ်းကာကွယ်ပြီး ကမ႓ာ့စီးပွားရေး တည်ငြိမ်စွာ တိုးတက်ရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ ၁။ တန်းတူရည်တူ တိုင်ပင်ဆွေးနွေးမှုဖြင့် အငြင်း ပွားမှုများကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ၂၊ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်း ဆောင်ရွက်မှုတွင် ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ၃။ စီးပွားရေး ပမာဏ တိုးချဲ့ ဆောင်ရွက်စဉ်တွင် အပြန်အလှန် ထောက်ခံမှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   လီချန်က တရုတ်နိုင်ငံသည် နိုင်ငံတကာ စျေးကွက်များတွင် ဆက်လက် တက်ကြွစွာ ပါဝင် သွားမည် ဖြစ်ပြီး ကမ႓ာ့စီးပွားရေး၏ လိုအပ်ချက်များအတွက် တရုတ် စီးပွားရေး စွမ်းဆောင်ချက်များကို အကျိုးပြုပေးလိုကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေး ဆက်တိုက် တည်ငြိမ်စွာ တိုးတက်လာခြင်းသည် ကမ႓ာ့စီးပွားရေး ပိုမို လျင်မြန်စွာ နာလန် ပြန်ထူရေး အတွက် အားကောင်းသော ထောက်ခံမှုကို ပေးစွမ်းမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ လုပ်ငန်း ကုမ္ပဏီများ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်း ဆောင်ရွက်ကြရန်၊ တရုတ်နိုင်ငံနှင့် အတူ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမို သာယာသော အနာဂတ်အရေးကို လက်တွဲ ဖန်တီး ကြရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။