ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝတ် အပေါ် စွပ်စွဲပြစ်တင်သည့် အသနားခံစာကို လက်ခံပြီး ပေတုန်တန် ရှင်နာဝတ် ၏ ထိုင်းဝန်ကြီးချုပ်ရာထူး ခေတ္တရပ်ဆိုင်းရန် စီရင်ဆုံးဖြတ်ပါသည်။
ဇွန်လ ၂၀ ရက်နေ့က ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌမှ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးထံသို့ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝတ် အပေါ် စွပ်စွဲပြစ်တင်သည့် အသနားခံစာကို တင်ပြခဲ့ပါသည်။ အကြောင်းရင်းမှာ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝတ် နှင့် ကမ္ဘောဒီးယားအောက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင် အကြား ဖုန်းပြောဆိုမှု အကြောင်းအရာသည် ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ပြီး ကျင့်ဝတ်ဖောက်ဖျက်ခဲ့သည်ဟု သံသယရှိခြင်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။