တရုတ် — ကမ္ဘာ့ဘဏ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်နှင့် အသွင်ကူးပြောင်းရေး စင်တာသည် မကြာသေးမီက ၎င်း၏ ပထမဆုံး အကြိမ် အဆင့်မြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဂေဟစနစ်ထိန်းသိမ်းရေးကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီး လျောင်မင်းက ပြောကြားခဲ့သည်။
လျောင်မင်းက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးအတွက် ရန်ပုံငွေ၊ နည်းပညာနှင့် အသိပညာများ ပိုမိုပံ့ပိုးပေးရန် ကမ္ဘာ့ဘဏ်ကဲ့သို့သော ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်များကို တရုတ်နိုင်ငံက ပန်ကြားကြောင်း ပြောကြားခဲ့သည်။