မကြာခင်က တရုတ်နိုင်ငံ ချင်းတောင်မြို့၌ ကျင်းပပြီးစီးခဲ့သော ဆဋ္ဌမ အကြိမ်မြောက် နိုင်ငံဖြတ်ကျော် ကုမ္ပဏီ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အီတလီ ENI အုပ်စု တရုတ်နိုင်ငံဆိုင်ရာ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Giovanni က China Media Group၏ သတင်းထောက်နှင့် တွေ့ဆုံရာတွင် "တရုတ်စျေးကွက်မှာ အခွင့်အလမ်းများ ပြည့်နှက်နေပြီး ယုံကြည် အားကိုးရသဖြင့် အနာဂတ်သည် တရုတ်ပြည်မှာ ရှိသည်ဟု မိမိ ယုံကြည်ကြောင်း" ပြောကြားခဲ့ပါသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံခြား လုပ်ငန်းရှင်များက "အရေးကြီးသည့် မဟာဗျူဟာမြောက် စျေးကွက်ကြီး"၊ "ကမ႓ာ့ အကြီးဆုံး"၊ "စိတ်အား ထက်သန် စေနိုင်သော" စသည့် ဝေါဟာရများဖြင့် တရုတ်စျေးကွက်အကြောင်းကို ပြောဆိုကြပြီး "တရုတ်စျေးကွက်သည် နှိုင်းယှဉ်လို့ မရသော အားသာချက် ရှိသည်"ဟု ယူဆကြပါသည်။
တရုတ်နိုင်ငံတွင် ကျင်းပသည့် ပထမဆုံးသော နိုင်ငံဖြတ်ကျော် ကုမ္ပဏီများအတွက် နိုင်ငံ အဆင့် စီးပွားကုန်သွယ်ရေး လှုပ်ရှားမှု အဖြစ် ယခုအကြိမ် ထိပ်သီး အစည်းအဝေးတွင် တစ်ကမ႓ာလုံး တိုက်ကြီး ၆ ခုမှ နိုင်ငံဖြတ်ကျော် ကုမ္ပဏီကြီး ၄၆၅ ခုတို့ ပါဝင် တက်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့ကာ သမိုင်း စံချိန်သစ်လည်း တင်နိုင်ခဲ့ပါသည်။ အစည်း အဝေးတွင် အရေးကြီးသည့် အဓိက ပရောဂျက် ၄၀နှင့် ပတ်သက်သော စာချုပ်များကို ချုပ်ဆို နိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၅၉၃၀ ရှိပါသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်သည် "နိုင်ငံဖြတ်ကျော် ကုမ္ပဏီများနှင့် တရုတ်နိုင်ငံ - ကမ္ဘာကြီးနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုး ဖြစ်ထွန်းခြင်း" ဖြစ်ပါသည်။ ယင်းသည် နိုင်ငံဖြတ်ကျော် ကုမ္ပဏီများ၏ နိုင်ငံတကာဆိုင်ရာ အစီ အမံများမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အဆင့်နေရာကို ထင်ဟပ်နေပါသည်။ ဂျာမနီ Bosch ကုမ္ပဏီ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာချုပ် ရှီွှဒါချွမ် ပြောသလိုပင် "တရုတ်စျေးကွက်သည် နိုင်ငံတကာဆိုင်ရာ အစီအမံများမှာ မရှိမဖြစ် လိုအပ်တာ ဖြစ်ပြီး တရုတ်နိုင်ငံရှိ စျေးကွက်များ၊ လူရည်ချွန်များနှင့် ဆန်းသစ်တီထွင်ရေး အရင်းအမြစ်များကို ပြည့်ပြည့်ဝဝ အသုံးပြုမှသာ နိုင်ငံတကာမှာ ယှဉ်ပြိုင်စွမ်းအားကို ခိုင်ခံ့ စေနိုင်မည်" ဖြစ်သည်။
တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် တည်ငြိမ်ပြီး တံခါးဖွင့် မူဝါဒ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပြီး ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေး ဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှုများဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုမို ကျယ်ပြန့်သော လုပ်ငန်း ဆောင်ရွက်ရန် အလားအလာကို ဖန်တီးပေးနေပါသည်။ တရုတ်စျေးကွက်များနှင့် ချိတ်ဆက်မှသာ ကမ္ဘာ့စျေးကွက်များနှင့် ပိုမို ကောင်းမွန်စွာ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး တရုတ် နိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ကြောင်း China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။