“လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ်”ကို ၂၀၂၅-၂၀၂၆ ခုနှစ် အဓိက အမျိုးသား ယဉ်ကျေးမှု ပို့ကုန်စီမံကိန်းအဖြစ် ရွေးချယ်ခံရ

lmcchina.org, June 27, 2025
Size:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားဦးစီးဌာနချုပ်တို့သည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အမျိုးသား ယဉ်ကျေးမှု ပို့ကုန် အဓိကလုပ်ငန်းများနှင့် အဓိကကျသော စီမံကိန်းများကို ကြေညာခဲ့ပါသည်။ ယူနန် တိုင်းရင်းသား ရုပ်ရှင်ရိုက်ကူးထုတ်ဝေရေးဌာန၏ “လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ်”ကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အဓိက အမျိုးသား ယဉ်ကျေးမှု ပို့ကုန်စီမံကိန်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ်သည် တရုတ်နိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားအတွင်း လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ လူမှုအသိုက်အဝန်း၏ လူမှုယဥ်ကျေးမှုဖလှယ်ရေး၏ အရေးကြီးသော ဆောင်ကြဥ်းရာ ဖြစ်ပြီး တရုတ်ရုပ်ရှင်ယဥ်ကျေးမှုကို နိုင်ငံတကာသို့ တွန်းအားပေးမိတ်ဆက်ပေးရန်၊ ယူနန်ပြည်နယ်အား တောင်အာရှနှင့် အ‌ရှေ့တောင်အာရှသို့ ယဥ်ကျေးမှုလျှောက်လှမ်းရာဗဟိုအဖြစ် ဖော်ဆောင်ရန် အရေးပါသော လုပ်ဆောင်ချက် ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပထမဆုံးအကြိမ် အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ယင်းအစီအစဥ်ကို ခြောက်ကြိမ်မြောက် ဆက်တိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒေသတွင်း ရုပ်ရှင်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို မြှင့်တင်ရာတွင် တစ်နေ့တခြား အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ယခင် ၆ ကြိမ်အစီအစဥ်များတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံ၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းဌာနပေါင်း ၁၀၀ ကျော် ပါဝင်ရန် ဆွဲဆောင်နိုင်ခဲ့ရာ ပညာရှင်ဆွေးနွေးပွဲ ၂၀ ကျော် ကျင်းပခဲ့ပြီး ထူးချွန်ပြောင်မြောက်သောရုပ်ရှင်ကား ၁၂၀ ကျော်ကို ရွေးချယ်ပြသခဲ့ကာ ရုပ်ရှင်ကြည့်ရှုသူ စုစုပေါင်း အကြိမ်ရေ ၇၂၀၀၀ ရှိခဲ့သည်။ ရုပ်ရှင်နှင့် ဗီဒီယိုစီမံကိန်း မိတ်ဆက်အစီအစဥ် ၆ ကြိမ် ကျင်းပခဲ့ပြီး ပူးတွဲမြေပြင်ကွင်းဆင်းလေ့လာရေးလှုပ်ရှားမှု ၅ ကြိမ် ကျင်းပကာ ပူးတွဲရိုက်ကူးသည့် ရုပ်ရှင်နှင့် ဗီဒီယို ၈ ကား ထွက်ရှိခဲ့ရာ မူပိုင်ခွင့် ဖလှယ်သောရုပ်ရှင် ၁၀ ကျော် ရှိခဲ့သည်။

ယူနန် တိုင်းရင်းသား ရုပ်ရှင်ရိုက်ကူးထုတ်ဝေရေးဌာနသည် နိုင်ငံတကာ ကျော်ကြားသော ရုပ်ရှင်နှင့် ဗီဒီယိုထုတ်ဝေသူ၊ Streaming Media Platform များမှတစ်ဆင့် ”လန်ချန်း-မဲခေါင်ဇာတ်လမ်း”များကို ကမ္ဘာတစ်ဝှမ်းသို့ ထုတ်ဝေဖြန့်ချိမည် ဖြစ်သလို လန်ချန်း-မဲခေါင် နိုင်ငံတကာ ရုပ်ရှင်ရက်သတ္တပတ်ကို နိုင်ငံတကာ ရုပ်ရှင်ယဥ်ကျေးမှုဖလှယ်ရေး၏ အမှတ်အသားတံဆိပ်တစ်ခုအဖြစ် တည်ဆောက်မည် ဖြစ်ပေသည်။ အရည်အသွေး မြင့်မားသော အကြောင်းအရာများဖြင့် တရုတ်ယဥ်ကျေးမှုကို နိုင်ငံတကာသို့ မိတ်ဆက်ရာတွင် ကြီးမားသောအင်အား ဖြည့်တင်းပေးမည် ဖြစ်ရာ နိုင်ငံတကာရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်တွင် တရုတ်ယဥ်ကျေးမှုကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပေသည်။