ဒေသတွင်း အစိမ်းရောင် ကာဗွန်လျော့နည်း ပြန်လည်အသုံးချကုန်ထုတ်လုပ်မှုလုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲနှင့် အစိမ်းရောင် လန်ချန်း-မဲခေါင် အစီအစဥ် - ရေရှည် အခြေခံအဆောက်အအုံဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ရှန်ဟိုင်းတွင် ကျင်းပ

lmcchina.org, June 27, 2025
Size:

၂၀၂၅ ခုနှစ် ”လန်ချန်း-မဲခေါင် ရက်သတ္တပတ်” အစီအစဥ် ဖြစ်သော ဒေသတွင်း အစိမ်းရောင် ကာဗွန်လျော့နည်း ပြန်လည်အသုံးချကုန်ထုတ်လုပ်မှုလုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲနှင့် အစိမ်းရောင် လန်ချန်း-မဲခေါင် အစီအစဥ်၏ ရေရှည် အခြေခံအဆောက်အအုံဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်က ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သည်။ ယင်းစကားဝိုင်းဆွေးနွေးပွဲကို လန်ချန်း-မဲခေါင် ပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုစင်တာ/ဂေဟနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်ရေးစင်တာ၊ ရှန်ဟိုင်းမြို့ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသည်။ ဂေဟနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာဂေဟနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဌာနများ၊ မဲခေါင်နိုင်ငံများမှ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာဌာနများ၊ တရုတ်နိုင်ငံရှိ ကုလသမဂ္ဂလုပ်ငန်းဌာနများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သုတေသနလုပ်ငန်းဌာနနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ကိုယ်စားလှယ်များသည် ဒေသတွင်း အစိမ်းရောင်နှင့် ကာဗွန်လျော့နည်း ပြန်လည်အသုံးချရေး မူဝါဒများနှင့် လက်တွေ့ဆောင်ရွက်မှုများ၊ လန်ချန်း-မဲခေါင် ပြန်လည်အသုံးချမှုဖြင့် ရပ်ရွာတည်ဆောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ရေးလှုပ်ရှားမှု လက်တွေ့ဆောင်ရွက်ချက်များ စသည့်ခေါင်းစဉ်များဖြင့် အထူးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ အခမ်းအနား တက်ရောက်သူအားလုံးသည် “အစိမ်းရောင် လန်ချန်း-မဲခေါင်  အစီအစဥ်”ကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း အစိမ်းရောင် ကာဗွန်လျော့နည်း ပြန်လည်အသုံးချမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအင်အားကို စုစည်းကာ ဒေသတွင်း မူဝါဒညှိနှိုင်းမှုမူဘောင်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကွန်ရက်များ ဖွဲ့စည်းပြီး နိုင်ငံအသီးသီးအတွက် စီးပွားရေးတိုးတက်မှုနှင့်‌ ဂေဟထိန်းသိမ်းရေးကို နှစ်ဦးနှစ်ဖက် အကျိုးရရှိစေမည့်ပုံစံများ ရှာဖွေနိုင်ရေး လှုပ်ရှားမှုအစီအစဥ်များ ပံ့ပိုး‌ပေးရန် မျှော်လင့်ကြပေသည်။