တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ လျိုကျန့်ချောင်းသည် ဇွန် ၂၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ မြန်မာနိုင်ငံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် မြန်မာနိုင်ငံ နိုင်ငံရေးပါတီများမှ ကေဒါများ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် ပါတီများအကြား ကူးလူးဖလှယ် တွေ့ဆုံဆွေးနွေးမှုအား တစ်ဆင့်တိုး မြှင့်တင်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေး မူဘောင်အောက်တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား တွန်းအားပေးဖော်ဆောင်ရန် အလေးထားပြောကြားခဲ့ကြကြောင်း သိရသည်။