တရုတ် နိုင်ငံ ရှန်တုန်းပြည်နယ်အစိုးရနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာကုမ္ပဏီများမှ ခေါင်းဆောင်များ ချိန်ဒေါင်ထိပ်သီးအစည်းအဝေးကို ၁၉ ရက်နေ့တွင် ရှန်တုန်းပြည်နယ် ချိန်ဒေါင်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို နိုင်ငံနှင့်ဒေသပေါင်း ၄၃ခုမှ ဧည့်သည်တော် ၅၇၀ တက်ရောက်ခဲ့ကြသည်။ စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ယခုအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံ၏ အဆင့်မြင့် တံခါးဖွင့်ရေးနှင့် အရည်အသွေးမြင့်သော ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့် လက်တွေ့ကျသော လုပ်ဆောင်ချက်ဖြစ်ပြီး၊ ကမ္ဘာအား တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေးကို ဆက်လက်တိုးချဲ့ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုခြင်း၏ အပြုသဘောဆောင်သော အချက်ပြမှုတစ်ရပ်ဖြစ်ကြောင်းပြောဆိုခဲ့ကြသည်။
ယခုအကြိမ် ထိပ်သီးဆွေးနွေးပွဲ၏ ဆောင်ပုဒ်မှာ "နိုင်ငံတကာကုမ္ပဏီများနှင့် တရုတ် နိုင်ငံ- တစ်ကမ္ဘာလုံးကို ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန်အကျိုးရှိစေခြင်း” ဖြစ်ကာ၊ နိုင်ငံတကာကုမ္ပဏီများအတွက် မူဝါဒဆိုင်ရာဆွေးနွေးပွဲ၊ စီးပွားရေးလုပ်ငန်းများ ဆက်နွယ်ခြင်းနှင့် စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဖန်တီးပေးသည့် ကူးလူးဖလှယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။