မကြာသေးမီက SIEMENS AG ကုမ္ပဏီ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Dr. Roland Busch သည် China Media Group (CMG) ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆန်းသစ်တီထွင်မှု စွမ်းအားအရှိဆုံး ဈေးကွက်များအနက် တစ်ခုဖြစ်လာပြီဟု မိမိတို့ယူဆကြောင်း၊ ဤနေရာသည် မိမိတို့ သုတေသနဝန်ထမ်းများနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ၏ "လေ့ကျင့်ရေးကွင်း" ဖြစ်ကြောင်း Dr. Roland Busch ကပြောကြားခဲ့သည်။
ရှေးဦးစွာ တရုတ်နိုင်ငံတွင် ကြီးမားသောဈေးကွက်ပမာဏရှိကြောင်း၊ တရုတ်နိုင်ငံက တစ်ကမ္ဘာလုံး စက်မှုကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားသည်ကို သိထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အလိုအလျောက်လုပ်ဆောင်ရေးကဏ္ဍတွင် တရုတ်နိုင်ငံဈေးကွက်သည် လျစ်လျူရှုထား၍ ရမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယအချက်အနေဖြင့် မိမိတို့ဖောက်သည်များ၏ အဆင့်မြင့်လိုအပ်ချက်သည် အဓိကတွန်းအားဖြစ်လာကြောင်း၊ ၎င်းတို့လိုအပ်သည်မှာ တန်ဖိုးနည်းထုတ်ကုန်များ မဟုတ်ဘဲ ဆန်းသစ်တီထွင်မှုရှိသည့်အပြင် ဈေးနှုန်းအရလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် တစ်ကမ္ဘာလုံးဈေးကွက်၌ အောင်မြင်မှု ရရှိလိုပါက ရှေးဦးစွာ တရုတ်ဈေးကွက်၌ လုပ်ဆောင်ရမည်ဟု မိမိခိုင်မာစွာ ယုံကြည်ကြောင်း Dr. Roland Busch က ပြောကြားခဲ့သည်။