တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ပေကျင်းတွင် ကျင်းပ

CGTN, June 23, 2025
Size:

တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးဆိုင်ရာ တရုတ်ပြည်သူ့အသင်း (CPAFFC) တို့ ပူးပေါင်း၍ ပေကျင်းမြို့ရှိ CPAFFC ၏ ခန်းမတွင် ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့ကွန်ဂရက် ပြည်လုံးဆိုင်ရာကော်မတီဒုတိယဥက္ကဌ ကျိုင်းတာဖုန်းနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေတို့က တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သမိုင်းအကြောင်းအရာများနှင့်ပတ်သက်၍ ဂုဏ်ပြု အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ အပါအဝင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ အလွှာပေါင်းစုံမှ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

1  2  >