ဗီယက်နမ်သည် BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ကြောင်း ဘရာဇီးက အတည်ပြု

CGTN, June 20, 2025
Size:

ဗီယက်နမ်နိုင်ငံသည် BRICS ပူးပေါင်းဆောင်ရွက်မှုယန္တရားကို မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် ပါဝင်လာခဲ့ကြောင်း ဒေသစံတော်ချိန် ဇွန် ၁၃ ရက်နေ့တွ့င် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဘရာဇီးအစိုးရက ကြေညာခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် လူဦးရေ သန်း 100 နီးပါးရှိပြီး ၎င်း၏စီးပွားရေးသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် နက်ရှိုင်းစွာ ပေါင်းစည်းထားပြီး အာရှတွင် အရေးပါသော ပါဝင်သူဖြစ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံများနှင့်အတူ မိတ်ဖက်နိုင်ငံများနှင့်ပါ  ပိုမိုပါဝင်မှုရှိပြီး ကိုယ်စားပြုမှုရှိသည့် နိုင်ငံတကာစနစ် တည်ဆောက်ရေးကို တွဲဖက်လုပ်ဆောင်နေကြောင်း သိရ သည်။