ယခုရက်များတွင် China Communications Construction Group လက်အောက်က တရုတ်ရေအားလျှပ်စစ် ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် လာအိုအမျိုးသားတက္ကသိုလ်တွင် “လန်မဲအစိမ်းရောင်သင်တန်း”လှုပ်ရှားမှုကို ကျင်းပပြီး တရုတ်နိုင်ငံ ဟိုဟိုင်တက္ကသိုလ် ရေအားလျှပ်စစ်ကောလိပ်က ပါမောက္ခ Zhou Jianxu သည် ဖိတ်ကြားချက်အရ သက်ဆိုင်ရာပညာများကို သင်ကြားပို့ချသည်။ လာအိုအမျိုးသားတက္ကသိုလ်နှင့် လာအိုသိပ္ပံနှင့် စက်မှုတက္ကသိုလ်မှ ကျောင်းသူကျောင်းသား ၁၉၀ က ၎င်းသင်တန်းသို့ တက်ကြသည်။
ပါမောက္ခ Zhou Jianxu သည် “ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းတွင် စံပြသော အောင်မြင်မှုနှင့် အဓိကသိပ္ပံနည်းပညာ” ဟူသောခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံရှိ ရေအားလျှပ်စစ်၊ ရေစုတ်ရေလှောင်လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေအား၊ လေအားနှင့် ဆိုလာဓာတ်အား အပြန်အလှန် ထောက်ပံ့သောစွမ်းအင်လုပ်ငန်း စသော အစိမ်းရောင်လုပ်ငန်းများနှင့် လာအိုနိုင်ငံတွင် ဖော်ဆောင်လျက်ရှိသော အရေးကြီးစီမံကိန်းများကို မိတ်ဆက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားစက်ရုံများသည် ရေစီးကနေ အလင်းရောင်အဖြစ် မည်ကဲ့သို့ ပြောင်းလဲခြင်း၊ မြစ်ကြောင်းများ၏ ဂေဟာစနစ်မျှတရေးကို မည်ကဲ့သို့ ထိန်းသိမ်းခြင်းတို့ကို ရှင်းလင်းစွာ မိတ်ဆက်ပေး၍ သင်တန်းသားများ စွမ်းအင်ပညာများကို နားလည်လာရန် လက်တွေ့ကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြပေးသည်။ ပါမောက္ခ Zhou Jianxu သည် ရေအားလျှပ်စစ် ထုတ်လုပ်မှုလုပ်ငန်းများကို စနစ်တကျ ရှင်းပြပေးပြီး “ကာဗွန်နှစ်ထပ်”ရည်မှန်ချက်အောက်တွင် အစိမ်းရောင်စွမ်းအင်နည်းပညာတိုးတက်မှုအခြေအနေနှင့် အလားအလာကို ဖော်ပြသည်။ သင်တန်းတွင် ကျောင်းသူကျောင်းသားများ တက်တက်ကြွကြွ ဆွေးနွေးဖလှယ်ကြသည်။ လိုအို နန်လိ ၁-၂ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုတွင် ပါဝင်ခဲ့ဖူးသော လာအိုအင်ဂျီနီယာသည် လုပ်ငန်း တည်ဆောက်ခြင်း၊ စီမံကိန်း စီမံခန့်ခွဲခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းရပ်များနှင့် အတွေ့အကြုံများကို မျှဝေမိတ်ဆက်ပေးသည်။
ဤတစ်ကြိမ် သင်တန်းကျင်းပခြင်းသည် တရုတ်ကုမ္ပဏီလုပ်ငန်းများ “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်”အဆိုပြုချက်ကို ဖော်ဆောင်ရန်၊ တရုတ်လာအို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လက်တွေ့ကျသောလုပ်ငန်းတစ်ခု ဖြစ်သည်။ ဤတစ်ကြိမ်ကဲ့သို့ နိုင်ငံဖြတ်ကျော်ပြီး ဗဟုသုတမျှဝေခြင်းသည် သက်ဆိုင်ရာဒေသ အစိမ်းရောင်စွမ်းအင်လုပ်ငန်း တိုးတက်ရန် တွန်းအားပေးနိုင်သည့်အပြင် “လန်မဲနိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း”အတွက် ပညာရှိများ စုစည်း၍ ဉာဏ်စွမ်းအား ထောက်ပံ့ပေးနိုင်သည်။