ယခုလ ၁၀ရက်နေ့က ၂၀၂၅ခုနှစ် တရုတ် ဆိုက်ဘာ ယဉ်ကျေးမှု ညီလာခံကို အန်းဟွေး ပြည်နယ် ဟိုဖှေမြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ အဖွဲ့ဝင်၊ ပြန်ကြားရေး ဝန်ကြီး လီရှူးလေသည် အဆိုပါ ညီလာခံသို့ တက် ရောက် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ယခုအကြိမ် ညီလာခံ၏ ဆောင်ပုဒ်မှာ “ဆိုက်ဘာနယ်ပယ်တွင် အပြုသဘောဆောင် သော အင်အားများကို စုစည်းပြီး ခေတ်၏ အသွင်အပြင်သစ်ကို ဖန်တီးရန်” ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီနှင့် ဒေသန္တရ သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ တာဝန် ခံများ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီမှ အဓိက သတင်းဝက်ဘ်ဆိုက်များ၊ ဆိုက်ဘာ နယ်ပယ် လုပ်ငန်း လုပ်ကိုင်သော အရပ်ဘက် အဖွဲ့အစည်းများနှင့် အင်တာနက် လုပ်ငန်း ကုမ္ပဏီများမှ တာဝန်ခံများ၊ ပညာရှင် ကျွမ်းကျင်သူများ၊ အွန်လိုင်း ဆယ်လီ ကိုယ်စား လှယ်များနှင့် လူငယ် ကျောင်းသူကျောင်းသား ကိုယ်စားလှယ်များ ၄င်းညီလာခံသို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။