Ding Xuexiang သည် ဒုတိယအကြိမ်မြောက် “Belt and Road” သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေး ညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြား ခေါင်းဆောင် များနှင့် တွေ့ဆုံ

CGTN, June 17, 2025
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ တရုတ် နိုင်ငံတော် ကောင်စီ ဒုတိယဝန်ကြီးချုပ် Ding Xuexiang သည် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက စိချွမ်းပြည်နယ် ချင်တူမြို့တွင် ဒုတိယအကြိမ်မြောက် “Belt and Road” သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေးညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိ နေသည့် ဆားဗီးယား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Marina Ragus ၊ အူဇ်ဘက်ကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ၁ Ramatov Achilbay Jumaniyazovich ၊ အီရန်နိုင်ငံ ဒုတိယသမ္မတ Hossein Afshin နှင့် အသီးသီးတွေ့ဆုံခဲ့ပါသည်။

    Marina Ragus နှင့် တွေ့ဆုံရာတွင် Ding Xuexiang က တရုတ်နိုင်ငံအနေဖြင့် ဆားဗီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး တစ်ဦး၏ စိုးရိမ်ပူပန်မှုနှင့် အမြုတေအကျိုးစီးပွားကို တစ်ဦးက ထောက်ခံကာ “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေ၍ သိပ္ပံ နည်းပညာ တီထွင်ဆန်းသစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံဆက်ဆံရေးတွင် တိုးတက်မှုအသစ်အဖြစ်ထားပြီး ခေတ်သစ်တွင် တရုတ်-ဆားဗီးယားကံကြမ္မာတူ အသိုက် အဝန်း တည်ဆောက်ရေးတွင် ပိုမိုများပြားသော အောင်မြင်မှုများ ရရှိစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

    Marina Ragus က ဆားဗီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေးနှင့် သိပ္ပံနည်းပညာစသည့်နယ်ပယ်များတွင် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက် မှုများကို မြှင့်တင်ပြီး ဆီးဗီးယား-တရုတ်ကံကြမ္မာတူအသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

    Ramatov Achilbay Jumaniyazovich နှင့် တွေ့ဆုံရာတွင် Ding Xuexiang က တရုတ်နိုင်ငံ အနေဖြင့် အူဇ်ဘက်ကစ္စတန် နိုင်ငံနှင့်အတူ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု နှင့် အစဉ်အလာချစ်ကြည်ရေးကို တစ်ဆင့်တက်ခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို ပိုမိုနက်ရှိုင်းစေကာ “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးမူဘောင်အောက်တွင် အပြန်အလှန် ချိတ်ဆက်မှု၊ စီးပွား ကုန်သွယ်ရေးနှင့် သိပ္ပံနည်းပညာတီထွင်ဆန်းသစ်ရေးစသည့် နက်ရှိုင်းပြီး လက်တွေ့ကျ သော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

    Ramatov Achilbay Jumaniyazovich က နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့ သည့် မဟာဗျူဟာမြောက်သဘောတူညီမှုများကို လမ်းညွှန်ချက်အဖြစ်ထားပြီး အူဇ်ဘက်ကစ္စတန်-တရုတ် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းစေကာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

    Hossein Afshin နှင့် တွေ့ဆုံရာတွင် Ding Xuexiang က တရုတ်နိုင်ငံအနေဖြင့် အီရန် နိုင်ငံ နှင့်အတူ ကြိးပမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ဦးဆောင်မှုအဖြစ်ထားကာ တရုတ်-အီရန်ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ “Belt and Road” အရည်အသွေးမြင့် အတူတကွလက်တွဲတည်ဆောက်ပြီး သိပ္ပံနည်းပညာနယ်ပယ် တွင် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာကို တစ်ဆင့်တက်ဖော်ထုတ်ကာ တရုတ်-အီရန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အနှစ်သာရကို အဆက်မပြတ် ကြွယ်ဝလာစေ၍ နှစ်နိုင်ငံပြည်သူများအား ပိုမိုများပြားသော အကျိုး ရလဒ်  များကို ဆောင်ကျဉ်းပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

    Hossein Afshin က အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပြည်သူများ စိတ်နှလုံး ဆက်သွယ်မှုကို တိုးမြှင့်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို အကောင်အထည် ဖော်ကာ သိပ္ပံနည်းပညာစသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်မှု အသစ်များ ရရှိစေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။