ဇွန်လ ၈ ရက်နေ့တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၅ နှစ်ပြည့်မြောက်ခြင်းအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ တို့ ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ ခဲ့ကြပါသည်။
ဝမ်ယိ၏ သဝဏ်လွှာတွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်ခဲ့သည့် ၇၅ နှစ် အတွင်း တရုတ်-မြန်မာချစ်ကြည်ရေးသည် အပြုသဘောဆောင်သော အရှိန်အဟုန်ဖြင့် အမြဲတမ်း ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရန်၊ နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်နှင့် တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အဆက်မပြတ် လက်တွဲ ကြိုးပမ်းဆောင်လိုပါကြောင်း ဖော်ပြထားသည်။
ဦးသန်းဆွေ၏ သဝဏ်လွှာတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံတို့သည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များဖြစ်ကြပြီး အိမ်နီးချင်းကောင်း ချစ်ကြည်ရေးကို ရေရှည် ထိန်းသိမ်းထားကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန် နှင့် တရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲ တွန်းအားပေးကြရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။