မြန်မာနိုင်ငံအားကစားလူရည်ချွန်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံ ကွမ်ကျိုးနှင့် ရှိန်းကျိန့် လေ့လာရေးခရီးစဥ် အောင်မြင်စွာပြီးဆုံး

CGTN, June 16, 2025
Size:

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီစဥ်ဖိတ်ကြားထားသော မြန်မာနိုင်ငံအားကစား လူရည်ချွန်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံလေ့လာရေးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် ကိုယ်စားလှယ်အဖွဲ့သည် ကွမ်ကျိုးမြို့သို့ ရောက်ရှိခဲ့ပြီး နောက်ရက်များတွင် ကိုယ်စားလှယ်အဖွဲ့သည် ရှားမိန် (Shameen) ကျွန်း၊ ဘရုစ်လီ (Bruce Lee) ယခင်နေထိုင်ခဲ့သောအိမ်၊ ကွမ်ကျိုးအားကစားတက္ကသိုလ်၊ ကွမ်ကျိုးအားကစားရုံ (Guangzhou Gymnasium)၊ အခြားသော ပြိုင်ပွဲဆိုင်ရာအဆောက်အဦများစွာကို သွားရောက်လည်ပတ်ခဲ့ကာ ဝူးရှူးပညာ၊ Curling စသည့်အားကစားများကို ကိုယ်တွေ့ခံစားခဲ့ကြပါသည်။ ကွမ်ကျိုးမှရှိန်းကျိန့် အသွားအပြန်ကို မြန်နှုန်းမြင့်ရထားဖြင့် သွားခဲ့ကြပြီး Window of the World၊ လောဟူ (Luohu) shopping mall ကြီး၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာအဆောက်အဦများကို ကြည့်ရှုလေ့လာကာ တရုတ်နိုင်ငံမြို့ကြီးများ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို နက်ရှိုင်းစွာ သိရှိနားလည် ခဲ့ကြသည်။ မေလ ၂၉ ရက်နေ့တွင် ကွမ်တုန်းပြည်နယ် အားကစားဗျူရို၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (Deputy Director-General) Mr. Yang Hai သည် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဥ် နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အားကစား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို နက်ရှိုင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ဦးဆောင်၍ ကိုယ်စားလှယ်အဖွဲ့ဝင်များက ပြေးခုန်ပစ်၊ ဝူရှူး၊ သေနတ်ပစ်၊ ခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်စသည့် အားကစားအဖွဲ့ချုပ်များနှင့် ဆက်စပ်အားကစား သင်တန်းကျောင်းများမှ ကျွမ်းကျင်အားကစားသမားများဖြစ်ကြပြီး အများစုမှာ လက်ရှိအားကစားသမား နှင့် အားကစားသမားဟောင်း များဖြစ်ကြသည်။

1  2  >