တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်“အားပေးတွဲယူ ဖေးမကူ”ငလျင်ဘေးသင့်ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံအမတ်ကြီး Ms. Ma Jia တက်ရောက်

CGTN, June 12, 2025
Size:

China Media Group(CMG) နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)တို့ ပူးပေါင်း ကြီးမှူး ကျင်းပသည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ် ပြည့် အထိမ်းအမှတ် “အားပေးတွဲယူ ဖေးမကူ” ငလျင်ဘေးသင့်ပြည်သူများ အတွက် နှစ်သိမ့်အားပေးပွဲကို ဇွန်လ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်  ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တရုတ် မြန်မာ မီဒီယာ ကိုယ်စားလှယ်များနှင့် ငလျင်ဘေးသင့် ပြည်သူများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

သံအမတ်ကြီး Ms. Ma Jia က ငလျင်ဘေးသင့်သူများကိုနှစ်သိမ့်အားပေးပြီး တရုတ်အစိုးရနှင့် ပြည်သူများသည် မြေငလျင်လှုပ်ခတ်ပြီးနောက် ချက်ချင်း ဆိုသလိုပင် ဖေးမကူညီသောလက်ကို ကမ်းလှမ်း ခဲ့ကြောင်း၊ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဥ်နှင့် အေးအတူပူ အမျှ  အသိုက် အဝန်း စိတ်ဓာတ်ကို လက်တွေ့ကျသော လှုပ်ရှားမှုများဖြင့်ဖော်ပြခဲ့ပါကြောင်း၊ နှစ်နိုင်ငံ မီဒီယာ များသည် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ကို အစပျိုးမှု အသစ်အဖြစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းပုံပြင်ကောင်း များကို ဖြန့်ဝေကြရန်၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်အလွန် ပြန်လည် တည်ဆောက်ရေးတွင် အကြည်ဓာတ် (Positive energy) များ ပိုမိုပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သံတမန်ဆက်ဆံရေး ထူထောင်းခြင်း ၇၅ နှစ်တာ ကာလ အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဥ်ဆက်မပြတ် ကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အကူအညီ အများဆုံး ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်မြန်မာ ချစ်ကြည် ရင်းနှီးမှုကိုခိုင်မြဲရန်အတွက် တရုတ်နိုင်ငံနှင့်အတူ မီဒီယာပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ဦးမောင်မောင်အုန်းသည် မြန်မာ့အသံ ထုတ်လွှင့်ခန်း၊ စတူဒီယိုခန်းနှင့် တည်းဖြတ်ခန်းများ အပါအဝင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ သတင်း ထုတ်လုပ်သည့်နေရာများသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ တရုတ်ဗဟိုရေဒီယိုနှင့် ရုပ်မြင်သံကြားသည် မကြာမီ ကာလ အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသမည့် ကောင်းမွန်သော တရုတ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အစီအစဉ် ငါးခုကို မြန်မာနိုင်ငံအား ပံ့ပိုးပေး ခဲ့ပါသည်။ တရုတ်နိုင်ငံ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ သဘာဝ ဘေးဒဏ်သင့် မိသားစု ၁၁၂ စုအား ဆိုလာမီးအိမ်များနှင့် အခြား သဘာဝဘေး ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ မီဒီယာ သမားများသည် အဆိုပါ ပွဲအခမ်းအနား အတွင်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဖော်ရွေပျူငှာ နွေးထွေးစွာဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။