တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၇၅ နှစ်မြောက် အထိမ်းအမှတ် ဖိုရမ်ကို မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးတွဲကျင်းပ

CGTN, June 11, 2025
Size:

ဇန်လ ၅ ရက်နေ့က မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် “ချစ်ကြည်ရေးကို တွန်းအားပေးရေး၊  အေးအတူပူအမျှဖြစ်ရေး၊ အနာဂတ်ရေးကို ဖန်တီးပေးရေး” ခေါင်းစဉ်ဖြင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၇၅ နှစ်မြောက် အထိမ်းအမှတ် ဖိုရမ်ကို တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီ ရုံးချုပ်၌ ကျင်းပခဲ့သည်။ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Gao Ping ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် တို့သည့် အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ်များ၊ မန္တလေး ကောင်စစ်ဝန်ချုပ်ရုံးမှ အဓိက သံတမန်များ၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများအားလုံးနှင့် သက်ဆိုင်ရာ ဌာများ၊ တက္ကသိုလ် များ၊ ချစ်ကြည်ရေး အဖွဲ့အစည်းများ၊ တရုတ် လုပ်ငန်းကုမ္ပဏီများ၊ ကုန်သည်အသင်းများ၊ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများအသင်းမှ ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း လူ ၁၈၀ ကျော်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

1  2  3  4  5  6  >